Thursday, 2025-01-30, 5:20 PM
ဟက်ကာဖိုရမ်
Main Registration Login
Welcome, Guest · RSS
[ New messages · Members · Forum rules · Search · RSS ]
  • Page 1 of 1
  • 1
Ubuntu Installation (Normal)
ဟတ်ကာDate: Wednesday, 2010-01-06, 6:28 PM | Message # 1
Major
Group: Administrators
Messages: 91
Reputation: 0
Status: Offline
Ubuntu ကို Partition ပိုင်းပြီး တင်မယ်ဆိုရင်တော့ Ubuntu တင်မယ့်အပိုင်းကို အရင် Partition ခွဲထားရင်လဲ ရပါတယ်။ မခွဲထားရင်လည်း ပြီးမှ သီးသန့်လွတ်တဲ့ နေရာတွေ ဆွဲယူပြီးတင်ဖို့ လွယ်ပါတယ်။ ကဲ Ubuntu အခွေလေးကို CD/DVD Rom ထဲထည့်ပြီး စက်ကို Restart ချလိုက်ပါ။ တချို့စက်တွေက BIOS မှာ CD နဲ့ Boot တက်ဖို့ ၀င်ပြင်ပေးရတယ်။ အခွေကို First Boot Drive အနေနဲ့ ရွေးပေးပါ။ ပြီးရင် Ubuntu အခွေကနေ Boot တက်လာပုံကို အရင်မြင်ရမှာပါ။ ဘယ်ဘာသာနဲ့ Ubuntu ကို တင်မှာလဲလို့ မေးတာပါ။ ပြီးရင် Hardware ကို Detect စမ်းသပ်ပါလိမ့်မယ်။ လိုအပ်တဲ့ Driver တွေတင်ဖို့ပေါ့။ ပြီးရင်တော့ စပြီး Loading လုပ်နေပါပြီ။ Loading ပြီးတာနဲ့ Ubuntu ရဲ့ Desktop ကို စတွေ့ရပါပြီ။ အပေါ်က Pannel မှာ Application ရယ် Places နဲ့ System ရယ် Menu သုံးခုနဲ့ Internet Email သုံးဖို့ Firefox နဲ့ Evolution ကို တွေ့ရမှာပါ။ Application အောက်မှာ Accessories, Game, Graphics, Internet, Office, Sound & Video နဲ့ Add/Remove Software ဆိုတဲ့ Sub Menu တွေပါမှာပါ။ Places ကတော့ Windows က Explorer လိုမျိုးပါပဲ Login User ရဲ့ Home, Desktop, Music, Picture, Video နဲ့ Network တွေ CD Rom တွေကို အဲဒီကနေ အမြန်သွားပြီး ကြည့်လို့ရပါတယ်။ ဒီအဆင့်ကနေ Shutdown / Restart လုပ်လိုက်ရင် Computer မှာ ဘာမှအပြောင်းအလဲ မရှိပါဘူး။ ကဲ စမ်းသုံး လို့ စိတ်ကျေနပ်တယ် ကြိုက်တယ်ဆိုမှ Desktop ပေါ်က install icon လေးကို Click ပြီး HDD ထဲကို Install လုပ် ရအောင်။
ဘယ်ဘာသာစကားနဲ့ Install လုပ်မလဲ မေးပါမယ်။ ENG ပေါ့ဗျာ။ ၀ါသနာပါရင် ဂျပန်၊ ကိုရီးယားတွေ လုပ်ကြည့်ပေါ့။ နေရာနဲ့ အချိန် Setting ချိန်မယ်။ Asia နဲ့ Rangoon ဗျ။ +06:30 ပေါ့ဗျာ၊ GMT မှာဆိုရင်လေ။ Keyboard က USA လက်ကွက်ပေါ့။ Zawgyi တွေ Padauk တွေက ထည့်ချင်နောက်မှထည့်ရမှာပါ။ အခုဆိုရင် Harddisk ကို Partition အတွက် စစ်ဆေးနေပါပြီ။ ခင်ဗျား HDD ရဲ့ အပေါ်ဆုံးက HDD တစ်ခုလုံး Insall လုပ်မှ ရွေးနော်။ ဒုတိယကတော့ Manual ပိုင်းထားရင် Manual Install လုပ်ဖို့ပါ။ တခါတလေ သုံးမျိုးပေါ်မှာပါ၊ Partition နှစ်ပိုင်းခွဲထားပြီးတစ်ပိုင်းကို Windows တစ်ပိုင်း မှာ Data ရှိနေရင် နှစ်ခုလုံးကလွတ်တဲ့ နေရာတွေယူပြီး တတိယမြောက် Partition လုပ်ယူဖို့ပါ။ အရမ်းလွယ်ပါတယ်။ ပြီးရင်တော့ ခင်ဗျားသုံးမယ့် Username တွေ Password တွေ ရိုက်ထည့်ပေးလိုက်ပါ။ ပြီးရင် Next ပဲ နှိပ်ရမယ်ဆိုတာတော့ ပြောစရာမလိုတော့ပါဘူးနော်။ ကဲ ခင်ဗျားရဲ့ Detail Info ကို ပြနေပါပြီ။ Next ပဲ ဆက်သွားပါ။ Windows နဲ့ Dual တင်တာ ဆိုရင်တော့ Windows ရဲ့ Document & Setting ထဲက Picture, Music, Video နဲ့ Desktop ပေါ်က Data တွေ နောက်ပြီး Mozilla Firefox ရဲ့ Setting တွေ ကူးယူမလား မေးပါလိမ့်မယ်။ တော်တော်လေး အဆင်ပြေပါတယ်။ အခု ခင်ဗျားရဲ့ ကွန်ပျူတာထဲကို Ubuntu Install လုပ်နေပါပြီ။ သူကပြီးပြီ Restart ချမယ်တဲ့ Restart လုပ်ပါ။ Shutdown ချလို့ Boot Screen ပေါ်ချိန်မှာပဲ Ubuntu အခွေပြန်ထုတ်ပေးပါလိမ့်မယ်။ အခွေယူပြီး ရင် Enter နှိပ်ပါ။ ပြီးရင် boot ပြန်တက်လာပါလိမ့်မယ်။ User Name နဲ့ Password ရိုက်ထည့်ပြီး Ubuntu ကို အသုံးပြုနိုင်ပါပြီ။ Computer မှာ Ubuntu ကို Install လုပ်တာ ပြီးသွားပါပြီ။

Ubuntu OS ကို သွင်းပြီးသွားပြီဆိုရင် ပုံမှန် အလုပ် တွေကို လုပ်လို့ရနေပါပြီ။ Windows မှာ ဆိုရင်တော့ ရုံးလုပ်ငန်းအတွက် Office အခွေဝယ်ပြီး Microsoft Word တွေ Excel တွေ PowerPoint တွေ Email သုံးဖို့ Outlook ထည့်ပေးရပါမယ်။ ပုံတွေ ဖန်တီးပြုပြင်နိုင်ဖို့ Photoshop သွင်းပေးရမယ်။ Internet သုံးဖို့အတွက်ကတော့ Windows မှာ IE ပါပြီးသား၊ ဒါပေမယ့် သိတဲ့အတိုင်းပဲလေ Mozilla FireFox မရှိပဲ Internet သုံးတဲ့စက်က ခပ်ရှားရှား။ ပြီးရင် Yahoo Messenger, Gtalk, QQ, IRC, စတာတွေ တစ်ခုချင်း သွင်းနေရတာလဲ Windows ရဲ့ဒုက္ခ။ Ubuntu မှာကတော့ Open Office ဆိုတာ Live အနေနဲ့ကတည်းက တစ်ခါတည်းသုံးနိုင်တဲ့ Office Application ပါ။ Ubuntu တင်ပြီးတာနဲ့ Open Office စသုံးနိုင်ပြီဗျာ။ သူ့ရဲ့ကိုယ်ပိုင် Open Office Format တွေအပြင် MS Office ရဲ့ Format တွေဖြစ်တဲ့ doc, xls, ppt တွေဖတ်ပါတယ်ဗျာ။ ဒါ့အပြင် MS Office မှာမပါဝင်တဲ့ PDF ဖိုင်အဖြစ်သိမ်းနိုင်တဲ့ Function ပါပါတယ်။ Internet Browser အတွက် Mozilla FireFox ကိုလဲ Ubuntu မှာထည့်ထားပေးပြီးသား။ Ubuntu 9.10 မှာတော့ တင်ကတည်းက Empathy ပါပြီးသားပါ။ Windows မှာတစ်ခုခြင်း တင်နေရတယ်ဆိုတဲ့ အပေါ်က IM တွေကို Empathy တစ်ခုတည်းမှာတင် အကုန်သုံးနိုင်တယ်။ Ubuntu 9.10 မတိုင်ခင် Empathy သီးသန့်သွင်းပေးရတုန်းပဲ။ IM သုံးဖို့အတွက် အရင်ကတော့ Piding ပါတယ်။ သူက သုံးလို့ကောင်းပေမယ့် Empathy လို Video/Voice တွေအဆင်မပြေဘူး၊ Empathy မှာတော့ Gtalk ကိုပါ Video Chat ရနေပါပြီ။ ဒါကြောင့်လဲ Empathy ကို Default အဖြစ်ရွေးချယ်ခဲ့ကြတာပေါ့ဗျာ။ မပါသေးတဲ့ Software တွေသုံးဖို့ သွင်းပုံသွင်းနည်းလေး စလိုက်ကြရအောင်။ ဆော့ဝဲတွေ သွင်းမယ်ဆိုရင် ပုံမှန်အားဖြင့်တော့ Terminal လို့ခေါ်တဲ့ Windows က CMD လိုမျိုး Command Mode နဲ့သုံးရပါတယ်။ ဒါဟာ Linux ကို လူသုံးနည်းစေခဲ့တဲ့ အဓိကအချက်ပဲ။ ခုတော့ ဒီ Command တွေကို ကျော်နိုင်ဖို့ Ubuntu-Tweak ဆိုတဲ့ ဆော့ဝဲလေး သွင်းလိုက်ပါ။

 
  • Page 1 of 1
  • 1
Search:

Powered by uCoz