Thursday, 2025-01-30, 5:19 PM
ဟက်ကာဖိုရမ်
Main Registration Login
Welcome, Guest · RSS
[ New messages · Members · Forum rules · Search · RSS ]
  • Page 1 of 1
  • 1
Linux OS Install လုပ်ဆောင်ခြင်း
ဟတ်ကာDate: Wednesday, 2009-11-18, 7:03 PM | Message # 1
Major
Group: Administrators
Messages: 91
Reputation: 0
Status: Offline
Linux OS Install လုပ်ဆောင်ခြင်း
ကျွန်တော်တို့ တစ်တွေဟာ OS တစ်ခုကို Install လုပ်တော့မယ်ဆိုရင် ထိုနည်းလမ်းတွေကိုရင်းနီးပြီးသားဖြစ်နေ ကြရပါမယ်။ထိုနည်း အတူ Linux OS ကို install လုပ်ဆောင်ရာတွင် Installation method များ ကို ရင်းနှီး ကျွမ်း ဝင် နေကြဖို့လိုပါတယ်။၎င်း Installation method မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁)CD Rom မှ Boot တက်၍ Install လုပ်ခြင်း
၂)WEB ပေါ်မှ install လုပ်ခြင်း၊
၃)NFS(network file system ) ဖြင့် install လုပ်ခြင်း၊စသည့်နည်းလမ်းများဖြစ်ပါတယ်။
Installation method များအပြင် installation type များကိုလည်းနားလည်ထားသင့်ပေသည်။ အမျိုးအစား များ ရွေးချယ်ရာတွင်client နှင့် server ဟူ၍ နှစ်မျိုးရှိပါတယ်။Client အနေနှင့် Install လုပ်မည်ဆိုပါက လိုအပ်သော ဖိုင်များကို သာရွေးချယ်ပြီး အင်စတောလုပ်ဆောင်နိုင်သော်လည်း server ကိုရွေးချယ်ပါက file system များ စုံလင်စွာ ရှိဖို့လိုအပ်ပါတယ်။ထိုသို့ မဟုတ်လျှင် custom ဆိုသော အမျိုးအစားလည်းရှိပါတယ်။
ကျွန်တော် Linux OS အင်စတောလုပ်ဆောင်ပုံ အသေးစိတ်ကို ရှင်းလင်းဆွေးနွေးသွားပါမည်။

Installing Linux OS
OS များ install လုပ်ဆောင်ရာတွင် personalize userများအတွက် အရေးမကြီးသော်လည်း
server တွေ အတွက် OS install လုပ်ဆောင်ရာတွင် planning သည် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ထို့ကြောင့် I/O(Input/Output devices), Programs နှင့် Partation တို့သည် အလွန်အရေးကြီးသည်။Partationတွင် Linux ၏ minimum requirement မှာ root အတွက် partition တစ်ခုသီးသန့်ရှိရပါမည်။
physical memory ကို management လုပ်ရန် swap partition တစ်ခုရှိရမည်။၎င်း swap partition သည်မိမိစက်၏ RAM memory ပမာဏ၏နှစ်ဆဖြစ်ရမည်။
boot partition အတွက်primary partition တစ်ခုရှိရမည် ဖြစ်ပြီး၎င်း partition သည် hard disk ၏ cylinder 1024 အတွင်းတွင် ရှိရမည်ဖြစ်ပါသည်။ထို့ကြောင့် Linux ၏ boot partition ကိုဦးစွာ 100MB ထားပြီးခွဲရမည်။server များအတွက် partition များကို အသုံးပြုမည့် srever အလိုက် /home,/var,/usr အစရှိသည့်အတိုင်းခွဲခြားထားရမည်။ အခြား သတိထားရမည့်အချက်မှာ swap ကိုpartition ခွဲခြားရာတွင် IDE drive တစ်ခုအတွက် swap နှစ်ခုခွဲရမည်။Hard drive လေးခုရှိပါက လေးခုခွဲရမည်။
Linux OS ကို Install ပြုလုပ်သည့် Installation methods များအနက် CD Rom မှ Install လုပ်သည့်နည်းလမ်းသည် အသုံးများသော ကြောင့် CD Rom မှ install လုပ်ဆောင်ပုံအဆင့်ဆင့် ကို အောက်တွင် ရှင်းလင်းပေးသွားပါမည်။

 
ဟတ်ကာDate: Wednesday, 2009-11-18, 7:16 PM | Message # 2
Major
Group: Administrators
Messages: 91
Reputation: 0
Status: Offline
Bootin with Linux Installer packge
Bootable Linux OS Installer CD ကို CD drive အတွင်းသို့ ထည့်ပြီး စက်ကို restart ပေးပြီး CD မှ Boot တက်လုပ်မည် ဆိုလျှင်Linux ၏ installation mode ရွေးချယ်သော screen ပေါ်လာပါမည်။Installation mode တွင် Graphic mode နှင့် text mode အပြင် maintainence mode ဟူ၍ ရွေးချယ်ရန် သုံးခုပါရှိပါတယ်။Linux အားစတင်လေ့လာသူများ နေနှင့် Graphical mode ကိုသာ ရွေးချ.်သင့်ပါတယ်။ထို့ကြောင့် graphic mode ကို enter နှိပ်ပြီး ရွေးချယ်လိုက်ပါက next atep သို့ရောက်ရှိသွားပြီး

ထိုအဆင့်တွင် Install လုပ်ဆောင်ရန် CD media ကိုတွေ့ရှိကြောင်းနှင့် ၎င်း CD အား ကောင်း မကောင်း စစ်ဆေးရန်အတွက် မေးမြန်းခြင်းဖြစ်ပါတယ်။အကယ်၍ စစ်ဆေးမှု မပြုလုပ်ချင်ပါက skip ကို ရွေးချယ်လိုက်ပါ။ထိုသို့ရွေးချယ်ချုက်သောအခါတွင် RED Hat Linux Installation ၏ welcome screen
ကို Graphic mode ဖြင့်တွေ့မြင်ရပါမည်။
Next ကိုနှိပ်လိုက်သော အခါတွင် linux OS အား Install ပြုလုပ်နေစဉ်တွင် အသုံးပြုမည့် Language ကို ရွေးချယ်သော doalog box ကျလာပါမည်။
Next button ကို နှိပ်လိုက်သော အခါတွင် မိမိလက်ရှိအသုံးပြုနေသော keyoard အမျိုးအစား ကိုရွေးချယ်သည့် dialog box တွေ့ရပါမည်။
This image has been resized. Click this bar to view the full image. The original image is sized 543x416.
နောက်တစ်ဆင့်တွင် မိမိစက်မှ လက်ရှိအသုံးပြုနေသော mouse အမျိုးအစား ကို ရွေးချယ်ပေးပြီး next button ကို နှပ်ကာ Installation Type ရွေးချယ်သည့် အဆင့်ကိုရောက်သွားပါမည်။
Installation type ရွေးချယ်ရာတွင် personal ,working ,workstation ,server နှင့် custom ဟူ၍ရှိပြီး မိမိ အသုံးပြုမည့် file အရ installation type ကို ရွေးချယ်ရမည်ဖြစ်ပါတယ်။
နောက်အဆင့်တွင် partition အပိုင်းရောက်ပြီဖြစ်ပြီး ၎င်းတွင် auto partition ခွဲခြင်းနှင့် manual ခွဲခြင်းနှစ်မျိုးကို ရွေးချယ်ခိုင်းမည်ဖြစ်တယ်။အကယ်၍ auto ကိုရွေးချယ်ပါက လွယ်ကူသော်လည်း မိမိစက်တွင် တစ်ခုထက်ပိုသော OS ရှိနေပါက ၎င်းOS ကို ထိခိုက်ပျက်စီးစေမည်ဖြစ်သည်။
ထို့ကြောင့် manual ကိုသာ ရွေးချယ်ပြီး next ကို click ရပါမည်။ ထိုအခါတွင် မိမိစက်ရှိ partition သည် linux file system အတွက် readable ဖြစ်သော partition မဟုတ် သည့်အတွက်ကြောင့် Linux file system မှ readable ဖြစ်အောင် Harddisk အား initialize လုပ်မည် ဖြစ်ကြောင်းနှင့် ၎င်း drive ရှိ data
များပျက်စီးပျောက်ဆုံးမည် ဖြစ်ကြောင်း သတိပေးသော dialog box ပေါ်လာမည် ဖြစိပြီး YES ကိုသာ click ရပါမည်။အဘယ်ကြောင့်ဆိုသော် manualpartition ကိုရွေးချယ်ထားသောကြောင့် next step တွင် မိမိစိတ်ကြိုက် partition ကို ခွဲခြမ်းစိတ်ဖြာနိုင်မည်ဖြစ်သည်။
၎င်းတွင် new အား click ၍ partition အသစ်တစ်ခုကို ဖန်တီးထားရပါမည်။ ပထမဦးဆုံး ဖန်တီးသော partition မှာ linux operating system အတွက် အရေးပါသော boot partition အပိုင်းဖြစ်ပြီး ထို boot partition အပိုင်းသည် primary ဖြစ်ရန် အလွန်အရေးကြီးသည်။ထို့အပြင် boot partition အပိုင်းသည် hard disk ၏ cylinder size တွင် 1024 ထက်မကျော်လွန် စေရပါဘူး။1024 ထက်ကျော် လွန်လျင် boot မတက်သော error များ ရရှိ နိုင်မည်ဖြစ်သောကြောင့် ၎င်း partitionကို့ hard disk ၏ cylinder 1024 မကျော်သော ထိပ်ဆုံးအပိုင်း၏ 100MB တွင်ရှိရပါမည်။Boot partition ကို ဖန်တီးရာတွင် mount point drop list တွင် /boot ကိုရွေးချယ်ပြီး file system type မှာ Ext3 ထားရှိရမည်။ Size (MB)ကို 100 ထား၍ forceto be primary partition ကို check လုပ်ကာ ok ကို click ရပါမည်

ဂရုပြုရန်အချက်မှာ swap partition ၏size သည် မိမိစက်၏ RAM ပမာဏထက် နှစ်ဆပိုများရမည်ဖြစ်သည်။ နောက်ဆုံးကျန်သော root partition ကို ခွဲခြမ်းရာတွင် mount potin ၏ drop down list တွင် "/" ကို ရွေးချယ်ထားရှိပြီး fill to maximum all0owabl size ကို check လုပ်ပေးမည်ဆိုပါက ကျန်ရှိနေသော hard disk အစိတ်အပိုင်းများကို "/" မှ ယူလိုက်ရန်ဖြစ်ပြီး root partition တစ်ခု တည်ဆောက်ပေးမည်ဖြစ်သည်။

ထိုသိုပမရှိမဖြစ် minimum လိုအပ်သော partition သုံးခုကို ခွဲခြမ်းစိတ်ဖြာသတ်မှတ်ပေးပြီးနောက် အကယ်၍ /usr,/home ,/var အစရှိသော partition များကိုလည်း မိမိတို့ အသုံးပြုမည့် အနေအထားပေါ်မူတည်၍ ခွဲနိုင်ပါတယ်။

 
ဟတ်ကာDate: Wednesday, 2009-11-18, 7:19 PM | Message # 3
Major
Group: Administrators
Messages: 91
Reputation: 0
Status: Offline
Partition ခွဲပြီးသည့်နောက်၊ နောက်တစ်ဆင့်တွင် boot loader configuration အဆင့်ကိုမြင်တွေ့ရပါမည်။ အကယ်၍မိမိစက်တွင် အခြား OS များရှိနေသေးသည်ဆိုပါက ၎င်း configuration screen မှ add ကို click ပြီး OS အမျိုးအစား ကိုရွေးချယ်ရပါမည်။သို့မှသာ စက် boot up လုပ်သော အခါတွင် OS selector menu ပေါ်မှ တဆင့် OS များသို့ လွယ်ကူစွာ ပြောင်းရွှေ့နိုင်မည် ဖြစ်ပါသည်။ အကယ်၍ boot loader password ကို အသုံးပြုမည် ဆိုပါက စက်စတင်သော အချိန်တွင် OS selector menu တွင် password တောင်းမည် ဖြစ်သည်။ ထို့ပြင် boot loader ကို ထားသည့် နေရာသည်လည်း အရေးကြီးကြောင်းကို MBR အပိုင်းတွင် အထက်က ရှင်းပြခဲ့ပြီး ဖြစ်သည်။ ထို့နောက် next ကို click ပြီး network configuration အပိုင်းသို့ ရောက်ရှိမည်ဖြစ်သည်။
Network configuration အပိုင်းတွင် manually option ကို check ၍ မိမိစက်နှင့် default Domain name ကို
ရိုက်သွင်းရပါမည်။ထို့နောက် Edit ကို click သောအခါ အောက်ပါ အတိုင်း NIC အတီက် IP configuration dialog box တစ်ခု ပေါ်လာပါမည်။ ထိုသို့ပေါ်လာသော အခါတွင် configure using DHCP ကို uncheck ပေး၍ IP address နှင့် NetMask တို့ကို မိမိတို့ အသုံးပြုမည့် NEtwork address နှင့် subnetmask ကို ရိုက်သွင်းရပါမည်။
OK ကို click ပြီးနောက် Miscellaneous Setting တွင် Gateway Primary DNS နှင့် secondary DNS တို့ကို ရိုက်သွင်းရပါမည်။Primary DNS နေရာတွင် မိမိစက်၏ IP address ကိုသာ ရိုက်သွင်းရမ်ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ linux သည် multiuser,multitasking ဖြစ်သောကြောင့် ဖြစ်ပါတယ်။
ထိုသို့ရိက်သွင်းပြီးသော အခါတွင် security နှင့ သက်ဆိုင်သော Firewall setting အဆင့်သို့ရောက်လာပါတယ်။မိမိသည် Linux ကို စတင်လေ့လာနေသူတောက်ဖြစ်ပါက ၎င်း အဆင့်တွင် firewall setting အား အသုံးမပြုပဲ ထားသင့်ပါတယ်။ ထို့ကြောင့် No firewall ကို select လုပ်ပြီး Next ကို click ပေးလိုက်ပါ။
ထို့နောက် additional language support setting နှင့် Time Zone setting များတွင် မိမိနှစ်သက်ရာ ရွေးချယ်၍ installation step ကို ဆက်လက်လုပ်ဆောင်ပေးရပါမည်။ Language support setting သည် Linux OS အား မိမိအသုံးပြုလိုသည့် language ဖြင့် အသုံးပြုနိုင်ရန် ဖြစ်သည်။ Time Zone သည် system ၏ time ဖြစ်ပါတယ်။
နောက်တဆင့်တွင် security အတွက် အရေးပါသော step ဖြစ်ပြီး root password သတ်မှတ်ခြင်း ဖြစ်သည် ။ root ဟုပြောရတွင် root user accountနှင့် root file system တို့ နှစ်မျိုးစလုံး အတွက် ဖြစ်ပါတယ်။ ၎င်းအဆင့်တွင် password ကို နှစ်ကြိမ် ရိုက်နှိပ်ရမည်ဖြစ်ပါတယ်။ သို့မှသာ root password accepted ဖြစ်ပါမည်။
နောက်တစ်ဆင့်တွင် Authentication Configuration ဖြစ်ပြီး ၎င်းအဆင့်တွင် Enable MDS password နှင့် Enable shadow password ဟူသည့် option နှစ်ခုကို default အားဖြင့် ရွေးချယ်ထားသည်ကို တွေ့နိုင်ပါသည်။Enable MDS password ဆိုသည်မှာ မိမိတို့ ဆက်လက်အသုံးပြုနိုင်သည့် password length ကို ရှစ်လုံးထက်ပိုပြီး charactor 256 လုံးအထိပေးနိုင်ရန်အတွက် ၎င်း option ကို enable လုပ်ပေးရပါမည်။ Shadow password ကိုenable လုပ်ခြင်းအားဖြင့် password file ကို shadow file တစ်ခု အနေဖြင့် encrypt လုပ်ပြီး သိမ်းဆည်းသောကြောင့် security အတွက် စိတ်ချကောင်းမွန်သည်။
package group seleciton တွင် install လုပ်လိုသော package များအား ရွေးချယ်ပေးရပါမည်။ ၎င်းတို့တွင် Desktops/Applicatios, servers,developers ,system admins တို့ပါဝင်ပါတယ်။Mascellaneous ဟာ package တစ်ခုချင်းစီကို လိုက်ရွေးချယ်မှုမပြုတော့ပဲ minimal option ဖြင့် install လုပ်ပါက မပါမဖြစ်ပါဝင်ရမည့် package များကိုသာ ရွေးချယ် install လုပ်ဆောင်သါားရပါမည်။next ကို click ပါက about installation dialog ပေါ်လာမည် ဖြစ်ပြီး မိမိရွေးချယ်ခဲ့ သော step များအလိုက်installation လုပ်မည့် အခြေအနေကိုဖော်ပြပါသည်။ ၎င်းနောက် next လိုက်ပါက installatio စတင်မည်ဖြစ်ပါသည်။
about installatio dialog မှ next ကို click လိုက်သော အခါတွင် RED Hat Linux installation ကိုအောက်ပါ အတိုင်း စတင်ပြီးလုပ်ဆောင် ပါပြီ။
 
ဟတ်ကာDate: Wednesday, 2009-11-18, 7:20 PM | Message # 4
Major
Group: Administrators
Messages: 91
Reputation: 0
Status: Offline
ရွေးချယ်ထားသော package ပမာဏနှင့် မိမိတို့ စက်၏ စွမ်းဆောင်ရည် ပေါ်မူတည်ပြီးအချိန်ကြာမြင့်မည်ဖြစ်ပါသည်။ သာမန်အားဖြင့် package အကုန် install လုပ်ပါက CPU speed 2.6 GHz ရှိသော စက်တွင် ၂နာရီ ကျော်ကြာမြင့်မည်။ Installation ပြီးဆုံးသော အခါတွင် system ချို့ယွင်းမှု သို့မဟုတ် user တို့၏ အမှားများကြောင့် system down ခဲ့လျင် အရေးပေါ် maintenance လုပ်ဆောင်နိုင်ရန်အတွက် boot diskette တစ်ခု ဖန်တီးပြုလုပ်
ရန်အတွက် မေးမည်ဖြစ်ပါတယ်။ Diskette ကို မဖန်တီးလိုကြောင်းကို No ကို check လုပ်ပြီး next ကို click ရပါမည်။ထိုအခါ Linux linstallation ပြီးဆုံးကြောင်းနှင့် login mode ကို graphical mode သို့ text mode မည်သည့်ာသိန ဖြင့် login လုပ်မည်ကို ရွေးချယ်ပေးရပါမည်။ Text mode ဖြင့် login လုပ်မည်ကိုသာ ရွေးချယ်
ပေးသင့်ပါတယ်။အဘယ်ကြောင့်ဆိုသော် graphical mode သည် login ဝင်ရာတွင် အချိန်ကြာငြမ့်သောကြောင့် ဖြစ်ပါတယ်။ Text mode မှ login ဝင်ပြီး Graphical mode သို့လည်း ပြန်သွားနိုင်မည် ဖြစ်ပါတယ်။

အခု ကျွန်တော် ဆွေးနွေးတင်ပြသော အကြောင်းအရာသည် ကျွန်တော်ဥာဏ်မှီ သလောက်ရေးသားတင်ပြထားသော ကြောင့်အမှားများပါရှိခဲ့သော် သိသူများက လိုအပ်သော အချက်များ ကို ဝင်ရောဖြည့်စွတ်ပေးကြပါရန် တောင်ဆိုပါတယ် ခင်မျာ။

 
  • Page 1 of 1
  • 1
Search:

Powered by uCoz