Bootin with Linux Installer packge
Bootable Linux OS Installer CD ကို CD drive အတွင်းသို့ ထည့်ပြီး စက်ကို restart ပေးပြီး CD မှ Boot တက်လုပ်မည် ဆိုလျှင်Linux ၏ installation mode ရွေးချယ်သော screen ပေါ်လာပါမည်။Installation mode တွင် Graphic mode နှင့် text mode အပြင် maintainence mode ဟူ၍ ရွေးချယ်ရန် သုံးခုပါရှိပါတယ်။Linux အားစတင်လေ့လာသူများ နေနှင့် Graphical mode ကိုသာ ရွေးချ.်သင့်ပါတယ်။ထို့ကြောင့် graphic mode ကို enter နှိပ်ပြီး ရွေးချယ်လိုက်ပါက next atep သို့ရောက်ရှိသွားပြီး ထိုအဆင့်တွင် Install လုပ်ဆောင်ရန် CD media ကိုတွေ့ရှိကြောင်းနှင့် ၎င်း CD အား ကောင်း မကောင်း စစ်ဆေးရန်အတွက် မေးမြန်းခြင်းဖြစ်ပါတယ်။အကယ်၍ စစ်ဆေးမှု မပြုလုပ်ချင်ပါက skip ကို ရွေးချယ်လိုက်ပါ။ထိုသို့ရွေးချယ်ချုက်သောအခါတွင် RED Hat Linux Installation ၏ welcome screen
ကို Graphic mode ဖြင့်တွေ့မြင်ရပါမည်။
Next ကိုနှိပ်လိုက်သော အခါတွင် linux OS အား Install ပြုလုပ်နေစဉ်တွင် အသုံးပြုမည့် Language ကို ရွေးချယ်သော doalog box ကျလာပါမည်။
Next button ကို နှိပ်လိုက်သော အခါတွင် မိမိလက်ရှိအသုံးပြုနေသော keyoard အမျိုးအစား ကိုရွေးချယ်သည့် dialog box တွေ့ရပါမည်။
This image has been resized. Click this bar to view the full image. The original image is sized 543x416.
နောက်တစ်ဆင့်တွင် မိမိစက်မှ လက်ရှိအသုံးပြုနေသော mouse အမျိုးအစား ကို ရွေးချယ်ပေးပြီး next button ကို နှပ်ကာ Installation Type ရွေးချယ်သည့် အဆင့်ကိုရောက်သွားပါမည်။
Installation type ရွေးချယ်ရာတွင် personal ,working ,workstation ,server နှင့် custom ဟူ၍ရှိပြီး မိမိ အသုံးပြုမည့် file အရ installation type ကို ရွေးချယ်ရမည်ဖြစ်ပါတယ်။
နောက်အဆင့်တွင် partition အပိုင်းရောက်ပြီဖြစ်ပြီး ၎င်းတွင် auto partition ခွဲခြင်းနှင့် manual ခွဲခြင်းနှစ်မျိုးကို ရွေးချယ်ခိုင်းမည်ဖြစ်တယ်။အကယ်၍ auto ကိုရွေးချယ်ပါက လွယ်ကူသော်လည်း မိမိစက်တွင် တစ်ခုထက်ပိုသော OS ရှိနေပါက ၎င်းOS ကို ထိခိုက်ပျက်စီးစေမည်ဖြစ်သည်။
ထို့ကြောင့် manual ကိုသာ ရွေးချယ်ပြီး next ကို click ရပါမည်။ ထိုအခါတွင် မိမိစက်ရှိ partition သည် linux file system အတွက် readable ဖြစ်သော partition မဟုတ် သည့်အတွက်ကြောင့် Linux file system မှ readable ဖြစ်အောင် Harddisk အား initialize လုပ်မည် ဖြစ်ကြောင်းနှင့် ၎င်း drive ရှိ data
များပျက်စီးပျောက်ဆုံးမည် ဖြစ်ကြောင်း သတိပေးသော dialog box ပေါ်လာမည် ဖြစိပြီး YES ကိုသာ click ရပါမည်။အဘယ်ကြောင့်ဆိုသော် manualpartition ကိုရွေးချယ်ထားသောကြောင့် next step တွင် မိမိစိတ်ကြိုက် partition ကို ခွဲခြမ်းစိတ်ဖြာနိုင်မည်ဖြစ်သည်။
၎င်းတွင် new အား click ၍ partition အသစ်တစ်ခုကို ဖန်တီးထားရပါမည်။ ပထမဦးဆုံး ဖန်တီးသော partition မှာ linux operating system အတွက် အရေးပါသော boot partition အပိုင်းဖြစ်ပြီး ထို boot partition အပိုင်းသည် primary ဖြစ်ရန် အလွန်အရေးကြီးသည်။ထို့အပြင် boot partition အပိုင်းသည် hard disk ၏ cylinder size တွင် 1024 ထက်မကျော်လွန် စေရပါဘူး။1024 ထက်ကျော် လွန်လျင် boot မတက်သော error များ ရရှိ နိုင်မည်ဖြစ်သောကြောင့် ၎င်း partitionကို့ hard disk ၏ cylinder 1024 မကျော်သော ထိပ်ဆုံးအပိုင်း၏ 100MB တွင်ရှိရပါမည်။Boot partition ကို ဖန်တီးရာတွင် mount point drop list တွင် /boot ကိုရွေးချယ်ပြီး file system type မှာ Ext3 ထားရှိရမည်။ Size (MB)ကို 100 ထား၍ forceto be primary partition ကို check လုပ်ကာ ok ကို click ရပါမည်
ဂရုပြုရန်အချက်မှာ swap partition ၏size သည် မိမိစက်၏ RAM ပမာဏထက် နှစ်ဆပိုများရမည်ဖြစ်သည်။ နောက်ဆုံးကျန်သော root partition ကို ခွဲခြမ်းရာတွင် mount potin ၏ drop down list တွင် "/" ကို ရွေးချယ်ထားရှိပြီး fill to maximum all0owabl size ကို check လုပ်ပေးမည်ဆိုပါက ကျန်ရှိနေသော hard disk အစိတ်အပိုင်းများကို "/" မှ ယူလိုက်ရန်ဖြစ်ပြီး root partition တစ်ခု တည်ဆောက်ပေးမည်ဖြစ်သည်။
ထိုသိုပမရှိမဖြစ် minimum လိုအပ်သော partition သုံးခုကို ခွဲခြမ်းစိတ်ဖြာသတ်မှတ်ပေးပြီးနောက် အကယ်၍ /usr,/home ,/var အစရှိသော partition များကိုလည်း မိမိတို့ အသုံးပြုမည့် အနေအထားပေါ်မူတည်၍ ခွဲနိုင်ပါတယ်။