Understanding Peer-to-Peer Networking
Peer-to-Peer Networking ကတော့ ရိုးရိုးရှင်းရှင်းလေးပဲ။ ပြီးတော့ ကုန်ကျစရိတ်အသက်သာဆုံး Network ချိတ်ဆက်ပုံပဲ။ Peer-to-Peer Network မှာ Server မလိုဘူး။ ကွန်ပျူတာတွေအားလုံးက အကောင်းတွေချည်းပဲသုံးစရာမလိုဘူး။ OS ကလည်း (Windows XP) ကိုပဲသုံးလို့ရတယ်။ Peer-to-Peer Network မှာရှိတဲ့ကွန်ပျူတာတွေက Client Computer လိုရော၊ Server Computer လိုပါ အလုပ်လုပ်ကြတယ်။ ကွန်ပျူတာတွေအားလုံးက Server-based network မှာရှိတဲ့ Server လိုအလုပ်လုပ် နိုင်ကြတယ်။ Server အတိုင်းလို့ပြောတာက Peer-to-Peer Network မှာ ကွန်ပျူတာတိုင်းက တစ်ခြားကွန်ပျူတာမှာရှိတဲ့ အချက်အလက်တွေကို ၀င်ယူလို့ရသလို ကိုယ့်အချက်အလက်တွေကိုလည်း တစ်ခြားစက်က ၀င်ယူလို့ရတယ်။ ကိုယ်က ပိတ်လို့ရသလို တစ်ခြားစက်တွေကလည်း သူတို့ကိုယ်တိုင်က တစ်ခြားသူ မ၀င်နိုင်အောင် ပိတ်ထားလို့ရတယ်။ ကျွန်တော်တို့ လူအနေနဲ့ပြောမယ်ဆိုရင် တော့ ဘယ်သူ့ဘယ်သူမှ ဆရာကြီးမရှိဘူး။ အဲ … ဒါပေမဲ့ အဲဒီထဲမှာ စက်တစ်လုံးကိုကိုင်တဲ့သူက တစ်ခြားစက်ကိုင်တဲ့သူတွေထက် ပိုသိနေတယ်၊ ပိုတတ်နေတယ်၊ ပိုကျွမ်းနေတယ်ဆိုရင်တော့ တစ်မျိုးပေါ့လေ။
Peer-to-Peer networking ကို Workgroup လို့လည်းပြောရတယ်။ ဘာဖြစ်လို့လဲဆိုတော့ Server based Network ကနေ ခွဲလာတယ်။ ထိန်းချုပ်မှုမပါဘူး။ Server မပါတာကလွဲလို့ အုပ်စုလိုက်ရှိနေ တယ်။ Peer-to-Peer Network ကို ဖန်တီးဖို့ တစ်ကယ်လိုအပ်တာတွေက ချိတ်ဆက်မဲ့ကွန်ပျူတာတိုင်းမှာ OS တစ်ခုခုရှိရမယ်။ PC တွေအချင်းအချင်းချိတ်ဆက်မှုတွေလိုမယ်၊ ဆိုလိုတာက Motherboard မှာ Network Port (RJ-45) မပါဘူးဆိုရင် NIC Card (Network Interface Card) လိုမယ်။ ပြီးတော့ Network Cable တွေလိုမယ်။ ချိတ်ဆက်မဲ့ ကွန်ပျူတာများရင်များသလို Hub တော့ လိုမယ်။
Peer-to-Peer ချိတ်တဲ့နေရာမှာ အဲဒီလောက်ရှိနေရင်ရပြီ။ ချိတ်ဆက်တဲ့ စက်တွေများရင်များသလို Switch လို့ ခေါ်တဲ့ Network Hardware တစ်ခုတော့လိုမယ်။ Server Based Network
ကွန်ရက်အကြီးကြီးတွေမှာ မတူညီတဲ့ အလုပ်လုပ်ပုံတွေ Servers တွေ ပါလာတယ်။ ဥပမာ-Mail Servers, Database Servers တို့လို Server ကြီးတွေက ကွန်ရက်ပေါ်မှာပါလာတယ်။ အချက်အလက်တွေ၊ ကွန်ပျူတာပေါင်းထည့် မှုတွေ၊ Users တွေကို အချက်အချာ ကျတဲ့ ထိန်းချုပ်မှု Server Based Network ကောင်းကောင်းလုပ်နိုင်တယ်။ Server Based Network တွေက လွယ်ကူစွာပဲ
ချဲ့ထွင်နိုင် တယ်။ ဒါပေမဲ့ ထိန်းချုပ်နိုင်ဖို့လိုတယ်။ Server Based Network မှာလိုအပ်တာတစ်ခုက NOS ပဲ။ NOS နဲ့ အလုပ်လုပ်နေတဲ့ ကွန်ပျူတာကို Server လို့ခေါ်တယ်။ Server Based Network က Peer-to-Peer Network ထက်လုံခြုံရေးအရ ပိုစိတ်ချရတယ်။
... Networking နဲ့ပတ်သတ်တဲ့အကြောင်းတွေကို ကြိုးစားပြီးဆက်တင်ပေးသွားပါ့မယ် ...