C++ ကိုအခြေခံရေးထားပေမဲ့၊ တခြား third generation languages များဖြင့်လဲ implement လုပ်နိုင်ပါတယ်။ scripting language များနှင့်တော့ implement လုပ်ရန် recommend မလုပ်ပါ။ Simplest Programming Language
ခု language အသစ်တခုဘယ်လို ရေးရမလဲဆိုတာ လေ့လာဖို့ ကျွန်တော်တို့ ကမ္ဘာပေါ်မှာ အရိုးရှင်းဆုံး language တခုကို စရေးကြည့်ရအောင်။ ကျွန်တော်တို့ language မှာ Op-code ၂ခုဘဲပါပါမယ်။ TALK နဲ့ END ပါ။ ကိုယ်က TALK လို့ရေးလိုက်ရင် computer က "Hello, I am simplest language!" လို့ screen ပေါ်မှာ ရေးပြပါမယ်။ END လို့ရေးလိုက်ရင် program က exit ထွက်ပါတယ်။ ကဲ ဒီလောက်လွယ်တဲ့ language လေးကိုဘဲ နမူနာအနေနဲ့ စမ်းရေးကြည့်ရအောင်။
Note: Op-code ဆိုတာ Assembler မှာ execute လုပ်နိုင်တဲ့ single instruction ပါ။ Assembly ရဲ့ syntax က high-level language တွေနဲ့မတူပါဘူး။ သူမှာ Op-code တွေကိုတန်းစီပြီး ရေးရပါတယ်။ Op-code တခုမှာ အများအားဖြင့် parameter သုည၊ တခု (သို့) နှစ်ခုပါတတ်ပါတယ်။ ဥပမာ၊ 3 နဲ့ 4 ပေါင်းတာ (3+4) ကို pseudo assembly နဲ့အောက်ကလို ရေးပါတယ်။
1: PUSH 3
2: PUSH 4
3: ADD
4: POP
ကဲ၊ ခုကျွန်တော်တို့ရဲ့ simplest language ဆီပြန်သွားရအောင် Smile ကျွန်တော်တို့ရဲ့ Op-code ၂ ခုကို define လုပ်လိုက်ပါ။
Code
Code:
enum OpCode {
OP_TALK,
OP_END
};
Op-code တခုချင်းဆီကို store လုပ်ဖို့ Instruction ဆိုတဲ့ class တခုဆောက်လိုက်ပါမယ်။ ဒါမှ Op-code တခုချင်းဆီနဲ့ သက်ဆိုင်တဲ့ data တွေကိုပါ တပါတည်း သိမ်းထားလို့ရမှာ။
Code
Code:
class Instruction {
public:
OpCode code;
Instruction(OpCode _c) : code(_c) { };
};
လောလောဆယ်တော့ OpCode ဆိုတဲ့ data field တခုဘဲရှိပါသေးတယ်။ ဘာလို့လဲဆိုတော့ ခုကျွန်တော်တို့ရေးနေတာ simplest language လေ Smile Parameter တွေပါထည့်ရေးချင်ရင် ဒီ Instruction class မှာဘဲ member data တွေထပ်တိုးလိုက်ရုံပါဘဲ။