Tuesday, 2024-05-14, 7:44 PM
ဟက်ကာဖိုရမ်
Main Registration Login
Welcome, Guest · RSS
Site menu
မှတ်ချက်များပေးရန်
Rate my site
Total of answers: 31
Statistics

Total online: 1
Guests: 1
Users: 0
 
Main » 2009 » October » 10 » Gmail နှင့် YahooMail တို့တွင်လည်း Hotmail ကဲ့သို့ပင် လုံခြုံရေး ပြဿနာများ ကြုံတွေ့နေရ
7:15 PM
Gmail နှင့် YahooMail တို့တွင်လည်း Hotmail ကဲ့သို့ပင် လုံခြုံရေး ပြဿနာများ ကြုံတွေ့နေရ

Gmail နှင့် YahooMail တို့တွင်လည်း Hotmail ကဲ့သို့ပင် လုံခြုံရေး ပြဿနာများ ကြုံတွေ့နေရ


 
 
Mail

Microsoft ၏ Hotmail စံနစ်တွင် လုံခြုံရေး ယိုယွင်းမှုများ ရှိနေကြောင်း ဗြိတိန် ရဲတပ်ဖွဲ့က သတိပေးကာ User များအနေနှင့် Password များကို အမြန်ဆုံး ပြောင်းရန် ကြေညာခဲ့ပြီး

ရက်ပိုင်းအတွင်း Gmail နှင့် YahooMail တို့ပါ ယင်း ပြဿနာနှင့် ကြုံနေရပြီ ဖြစ်သည်။

အမည်မသိ Hacker များသည် Hotmail အသုံးပြုသူ (၁၀၀၀၀) ကျော်၏ Password များကို Online တွင် ဖေါ်ပြခဲ့ပြီးနောက် ယခုအခါ Gmail နှင့် YahooMail တို့မှ User (၂၀၀၀၀) ကျော်၏ Password များကိုလည်း Online တွင် ဖော်ပြသည်နှင့် ကြုံရသဖြင့် ဆိုက်ဘာလုံခြုံရေး တာဝန်ရှိသူ များနှင့် ဆိုက်ဘာရဲတပ်ဖွဲ့ အတွက် ခေါင်းစားစရာ ဖြစ်ခဲ့ကြရသည်။

ယင်း ပြဿနာသည် User များအား Hacker များက ပျော်ရွှင် ကျေနပ်စရာ ၀န်ဆောင်မှု များဖြင့် ၀ဘ်ဆိုဒ်အတုများ ဖန်တီးကာ ဆွဲဆောင်ပြီး Password နှင့် Username များ ဖြည့်ခိုင်းရာမှ အစပြုလာခြင်း ဖြစ်နိုင်ကြောင်း နည်းပညာ ကျွမ်းကျင်သူများက သုံးသပ် နေကြသည်။

ဗြိတိန်ရှိ Hotmail သုံးစွဲသူ(၂၁) သန်းကျော်ကို အမြန်ဆုံး Password ပြောင်းပစ်ရန် ဆိုက်ဘာရဲတပ်ဖွဲ့က တိုက်တွန်း နှိုးဆော် ထားပြီးနောက် ယခုအခါ Gmail နှင့် Yahoomail ကို အသုံးပြုသူ များသည်လည်း Password ပြောင်းလဲရန် အကြံပြုထား ပြန်သည်။

BBC သတင်းဌာနက နောက်ထပ် Gmail၊ Yahoomail၊ Mail၊ AOL၊ Comcast နှင့် Earthlink တို့မှ User Name နှင့် Password (၃၀၀၀၀)ကျော် ကိုလည်း ရေတွက် တွေ့ရှိထားကြောင်း ကြေညာခဲ့ရာ ဆိုက်ဘာ လုံခြုံရေးအတွက် ပိုမို ဦးနှောက်ခြောက်စရာ ဖြစ်လာခဲ့ရသည်။ Hotmail ၏ Password များကို အောက်တိုဘာ (၁)ရက် နေ့က Pastebin.com အမည်ရှိ ၀ဘ်ဆိုဒ်တွင် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်ဟု လန်ဒန် နည်းပညာ သတင်းရပ်ကွက်က ဆိုသည်။

 
Views: 1556 | Added by: ဟတ်ကာ | Rating: 0.0/0
Total comments: 1
0  
1 khintmoethu   (2010-06-29 7:30 PM) [Entry]
koko

Only registered users can add comments.
[ Registration | Login ]
Copyright MyCorp © 2024
လိုအပ်တာရှာရန်
ပြက္ခဒိန်
«  October 2009  »
SuMoTuWeThFrSa
    123
45678910
11121314151617
18192021222324
25262728293031
Powered by uCoz