Wednesday, 2024-05-15, 1:50 AM
ဟက်ကာဖိုရမ်
Main Registration Login
Welcome, Guest · RSS
[ New messages · Members · Forum rules · Search · RSS ]
  • Page 1 of 1
  • 1
Forum » NETWORKING » Networking Tutorial » TCP/IP ကို Command Prompt မှ Configure လုပ်ခြင်း
TCP/IP ကို Command Prompt မှ Configure လုပ်ခြင်း
ဟတ်ကာDate: Wednesday, 2009-11-18, 7:44 PM | Message # 1
Major
Group: Administrators
Messages: 91
Reputation: 0
Status: Offline
TCP/IP ကို Command Prompt မှ Configure လုပ်ခြင်း
TCP/IP setting များဖြစ်သော IP address, Subnet Mask, Default Gateway, DNS နဲ့ WINS address များအစရှိသည်တို့ကို Netsh.exe ကိုအသုံးပြုပြီးတော့ပြင်ဆင်နိုင်ပါတယ်။
Netsh.exe ဟာ command-line script utility ဖြစ်ပြီးနောက်သူက local (သို့) remote ရဲ့ network configuration ကိုလှမ်းပြီးတော့ကြည့်နိုင်သလို ပြင်ဆင်နိုင်ပါတယ်။ script ရေးပြီးတော့ server ရဲ့ network configure ကိုပြင်ဆင်လို့လည်းရတယ်။
Netsh.exe ကို Windows 2000 နောက်ပိုင်းသုံးလို့ရပါတယ်။

Netsh ကိုသုံးပြီးတော့ အောက်ပါများကိုလုပ်နိုင်ပါတယ်။

* Configure interfaces
* Configure routing protocols
* Configure filters
* Configure routes
* Configure remote access behavior for Windows-based remote access routers that are running the Routing and Remote Access Server (RRAS) Service
* Display the configuration of a currently running router on any computer
* Use the scripting feature to run a collection of commands in batch mode against a specified router.

Netsh ကိုသုံးပြီးတော့ TCP/IP setting ကိုကြည့်ချင်တယ်ဆိုရင်။အောက်ပါ command ကို command prompt တွင်ရိုက်ထည့်ပါ။
netsh interface ip show config

Netsh ကိုသုံးပြီးတော့ IP address ၊ TCP/IP နဲ့ ပတ်သတ်သော အခြားသော setting များကိုအလွယ်တကူပြင်နိုင်ပါတယ်။
ဥပမာ
အောက်ဖော်ပြပါ command ဟာ Local Area Connection လို့နာမည်ပေးထားတဲ့ Static IP address ဖြစ်တဲ့ 192.168.0.100 နဲ့ subnet mask 255.255.255.0 နဲ့ default gateway ဖြစ်တဲ့ 192.168.0.1 တို့အဖြစ်ပြင်မှာပါ။
netsh interface ip set address name=”Local Area Connection” static 192.168.0.100 255.255.255.0 192.168.0.1 1

နေရာနှစ်နေရာအတွက် IP Setting နှစ်ခုကိုအလွယ်တကူအပြောင်းအလဲလုပ်ဖို့လိုအပ်လာခဲ့ရင် ဥပမာအနေနဲ့ ရုံးမှာသုံးဖို့ IP တစ်ခုနဲ့ အိမ်မှာသုံးဖို့ IP တစ်ခုနှစ်နေရာအတွက်အလွယ်တကူပြောင်းလဲလို့ရပါတယ်။ နှစ်ခုတည်းမကဘူးကိုယ်ကြိုသလောက်ပြောင်းလဲနိုင်ပါတယ်။ ကိုယ့်မှာ IP တွေ အများကြီးပြောင်းလဲဖို့လိုလာပြီဆိုရင်ပေါ့…….
netsh ဟာ network configuration များကို သိမ်းဆည်းနိုင် သလို ပြန်လည်ထည့်သွင်းနိုင်ပါတယ်။

ပထမဆုံး နေရာ ၁ အတွက် လိုအပ်တဲ့ IP address, Subnet Mask, Default Gateway, DNS နဲ့ WINS address ကိုထည့်သွင်းပါ။
ထည့်သွင်းပြီးရင်တဲ့ IP setting ကို text file အနေဖြင့်သိမ်းဆည်းဖို့အောက်ပါ command ကို command prompt တွင်ရိုက်ထည့်ပါ။
netsh -c interface dump > c:’location1.txt

ဒုတိယနေရာ ၂ အတွက်လည်းအပေါ်ကအတိုင်းလိုအပ်တဲ့ setting များကိုဖြည့်၍အောက်ပါ command ကို command prompt တွင်ရိုက်ထည့်ပါ။
netsh -c interface dump > c:’location2.txt

အခုဆိုရင် c:\ အောက်မှာ location1.txt နဲ့ location2.txt ဆိုတဲ့ဖိုင်နှစ်ဖိုင်ကိုတွေ့မှာပါ။ နောက်ထပ်နေရာများ IP များရှိသေးခဲ့ရင်အပေါ်ကအတိုင်း IP setting တွေကို သိမ်းဆည်းလို့ရပါတယ်။

ပြီးရင်တော့ ကိုယ်ကနေရာ ၁ ရောက်လို့ နေရာ ၁ ရဲ့ IP setting ကိုသုံးဖို့လိုအပ်လာပြီဆိုရင်အောက်ပါအတိုင်း command prompt မှနေ၍ အောက်က command ကိုရိုက်ထည့်ပြီး နေရာ ၁ ရဲ့ IP setting ကို ထည့်သွင်းပါ
netsh -f c:’location1.txt

နေရာ ၂ ကိုရောက်ရင်တော့အောက်ပါအတိုင်းရိုက်ထည့်ပါ။
netsh -f c:’location2.txt

နေရာ၃၊ ၄၊ ၅ ရှိခဲ့ရင်လည်းအဲ့ဒီ့အတိုင်းပဲပေါ့……

-f ဆိုတဲ့ နေရာမှာ exec ဆိုတာကိုလဲပြောင်းလဲသုံးစွဲလို့ရပါတယ်
netsh exec c:’location2.txt

DHCP ဆာဗာမှ IP address ကို အလိုအလျှောက်ရရှိတယ်ဆိုရင်အောက်ပါအတိုင်း NIC ကို netsh သုံးပြီးတော့ ပြင်ဆင်လို့ရပါတယ်။
netsh interface ip set address “Local Area Connection” dhcp

DNS နဲ့ WINS address ကိုကောပြင်ချင်ပါသလား…………ဒါကတော့ DNS ကိုဥပမာအနေနဲ့ပြင်ပြထားတာပါ……
netsh interface ip set dns “Local Area Connection” static 192.168.0.200

ဒါကတော့ WINS ကို ဥပမာအနေနဲ့ပြင်ပြထားတာပါ………..
netsh interface ip set wins “Local Area Connection” static 192.168.0.200

DNS settings ကို Dynamically ရချင်တယ်ဆိုရင်တော့
netsh interface ip set dns “Local Area Connection” dhcp
လို့ရိုက်ထည့်ရပါမယ်……….

 
Forum » NETWORKING » Networking Tutorial » TCP/IP ကို Command Prompt မှ Configure လုပ်ခြင်း
  • Page 1 of 1
  • 1
Search:

Powered by uCoz