Sunday, 2024-05-12, 4:17 PM
ဟက်ကာဖိုရမ်
Main Registration Login
Welcome, Guest · RSS
[ New messages · Members · Forum rules · Search · RSS ]
  • Page 1 of 1
  • 1
Forum » HACKING » Hacking Basic » Hackerတွေဘယ်လိုလုပ်ကြလဲ
Hackerတွေဘယ်လိုလုပ်ကြလဲ
ဟတ်ကာDate: Friday, 2009-10-02, 5:51 PM | Message # 1
Major
Group: Administrators
Messages: 91
Reputation: 0
Status: Offline
စကားဦး

နေ့စဉ်နဲ့အမျှ ကြီးထွားလာတဲ့ Internet ထဲမှာ ကျွှန်တော်နှင့်
စာဖတ်သူတို့ဟာ ကြီးမားကျယ်ပြောလှတဲ့ သတင်းအချက်အလက် ပင်လယ်ပြင်ကြီးထဲက ရေပေါက်ငယ်လေးပမာပါပဲ။
ကိုယ်မသိတဲ့ကိစ္စက ကိုယ့်ကိုအမှုမပတ်နိုင်ဘူးလို့ ပြောကြပေမဲ့ အင်တာနက်နှင့်ပတ်သက်လာရင်
ဒါကဆန့်ကျင်မှုတစ်ခုပါ။ အင်တာနက်ပေါ်မှာ သန်းပေါင်းများစွာသော ကွန်ပျုတာအသုံးပြုတွေဟာ
ဝင်လိုက်ထွက်လိုက်ရှိနေပါတယ်။ သတင်းအချက်အလက်တွေဟာ ရွာကနေ မြို့အကွာအဝေးကို နှလုံးခုန်နှုန်းတစ်ချက်မှာ
ပို့ပေးနေပါတယ်။

စာဖတ်သူလို သာမန်အသုံးပြုသူတွေ အတွက် မြန်ဆန်လှသော သတင်းအချက်အလက်
လမ်းမကြီးပေါ်မှာ အန္တရာယ်များလှပါပေတယ်။ ၃၀ မှ ၄၀ ရာခိုင်နှုန်း အသုံးပြုသူတွေဟာ ကွန်ပျုတာတွေရဲ့
နောက်ကွယ်မှာ ဘာတွေအလုပ်လုပ်နေလဲဆိုတာ သတိမထားမိကြပါဘူး။ ကျန်တဲ့ အသုံးပြုသူတွေဟာ မိမိရဲ့
စနစ်ဟာ တိုက်ခိုက်ခြင်း၊ အသုံးပြုခံနေရခြင်းကို ရိုးသားစွာ ဂရုမစိုက်ခြင်း၊ သိရှိနိုင်သော
အခြေခံအသိ မရှိကြပါဘူး

စာဖတ်သူဟာ မိမိရဲ့ အင်တာနက်ပေါ်မှ လွတ်လပ်ခွင့်ကို သိရှိလိုတဲ့အတွက်
ဖတ်နေခြင်းလို့ယူဆပါသည်။ ဖြစ်လဲဖြစ်သင့်ပါသည်။ အင်တာနက်ပေါ်မှာ ဘယ်အရာမှ မိမိရဲ့ မျက်စိနဲ့မြင်ရာတဲ့တိုင်းဟာ
မိမိမျက်စိနဲ့မြင်တဲ့အတိုင်းမဟုတ်ကြပါဘူး။ မသိတဲ့လူကျော်သွားလိုပဲ မသိရှိတဲ့လူဟာ တိုက်ခိုက်ခြင်းခံရနိုင်ပါသည်။

မိမိသိတဲ့ အချက်အလက်ဟာ ဘယ်တော့မှ မလုံလောက်ပါဘူး သတင်းအချက်အလက်သည်
စွမ်းအားဖြစ်သည်နှင့်အမျှ မိမိဟာသိရှိလေ အင်တာနက်ပေါ်က အတုအယောင်တွေကို ရှောင်နိုင်လေဖြစ်ပါလိမ့်မယ်။

ဒီလက်စွဲစာအုပ်မှာ ကျွှန်တော်ဟာ စာဖတ်သူကို စိုးရိမ်စေမဲ့
အကြောင်းအရာများကို တင်ပြသွားပါမယ်။ တစ်ချို့အရာတွေဟာ စာဖတ်သူကို ကွန်ပျုတာရှိခြင်းကို
ထင်ယောင်ထင်မှား ဖြစ်ကောင်းဖြစ်စေ နိုင်ပါမယ်။ ဒါပေမဲ့ စိတ်ဓါတ်ကျစရာ မလိုပါဘူး ဘာဖြစ်လို့လဲဆိုတော့
ကျွှန်တော်စာရေးသူဟာ စာဖတ်သူ မိမိကိုယ်ကို ဘယ်လိုကွာကွယ်နိုင်တယ်ဆိုတာ ပြောပြသွားမှာပါ။

ဒာင်တာနက်ရဲ့ ဆိုးကျိုးတွေကို ပြောပြရခြင်းဟာ ကျွှန်တော်က
စာဖတ်သူအတွက် ဘာအန္တရာယ်တွေရှိတယ်ဆိုတာ တင်ပြဖို့လိုအပ်တယ် ခံစားရလို့ပါ။

ကျွှန်တော်ဟာ ဒီလက်စွဲစာအုပ်ကို လမ်းပြအနေနှင့် ရေးခြင်းဖြစ်ပါတယ်။
စာဖတ်သူရဲ့ စနစ်တစ်ခုကို Hackers တွေဟာ ဘယ်လိုထိန်းချုပ်ခွင့်ရအောင်
စနစ်ရဲ့အားနည်းချက်တွေ၊ Programs တွေသုံးပြီး ယူနိုင်လဲဆိုတာ ပြောပြခြင်းဖြစ်ပါတယ်။
ဒီလက်စွဲသည် အကုန်လုံးကို မတင်ပြနိုင်ပါ။ သို့သော်လည်း အခြေခံ နည်းများသိခြင်းဖြင့်
အကယ်၍ စာဖတ်သူသည် Hackers တွေဘာတွေလုပ်လဲ ဘယ်လိုလုပ်လဲ သိရှိပါက မိမိကိုယ်ကို ကွာကွယ်နိုင်ရန်
အနေအထားကောင်းတစ်ခုမှာ ရှိနိုင်ပါသည်။

စကားချပ် - ဒီစာအုပ်တစ်အုပ်လုံးတွင် Hacker ကို
Reference စကားလုံးအနေနဲ့ သုံးစွဲသွားမှာဖြစ်ပါသည်။ Hacker များသည် မီဒီယာများဧ။် ရောင်းကောင်းသော
စကားလုံးတစ်လုံးအနေဖြင့် အသုံးချခြင်းကြောင့် လူတွေသည် အထင်မှားလျက်ရှိပါသည်။ သို့ပါသော်လည်း
Hacker ဆိုသောစကားလုံးကို စာရေးရာတွင်လွယ်ကူစေရန် အလို့ငှာ သုံးစွဲခြင်းသာဖြစ်ပါသည်။

အောက်ပါ အကြောင်းအရာများသည် တင်ပြသွားမဲ့ အကြောင်းအရာတွေက
အနည်းငယ်ပါ။

¨ Hackers
တွေ ဘယ်လို စနစ်တစ်ခုလဲ ဝင်ရောက်လဲ

¨ ဘယ်လို
အရာတွေ အသုံးပြုလဲ

¨ ဟက်ကာတစ်ယောက်ဟာ
စာဖတ်သူဧ။် အိမ်ကို စာဖတ်သူဧ။် ကွန်ပျုတာမှ ဘယ်လိုစောင့်ကြည့်နိုင်ပုံ (မြန်မာပြည်ဧ။်
Dial Up လိပ်နှုန်း နဲ့တော့မယုံချင်ဘူးထင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုလုပ်နိုင်လဲဆိုတာ ပြောပြသွားပါမယ်။)

¨ ဘယ်လို
အချက်အလက်တွေကို အခွင့်ရှိပုံ နှင့် စာဖတ်သူဘာကြောင့် ကာကွယ်သင့်ပုံ

¨ ဘယ်လို
သတင်း နှင့် လှည့်ဖျားမှုများ အသုံးခြပုံ

¨ Antivirus
software တစ်ခုထဲနှင့် မလုံလောက်ပုံ

¨ ဘာတွေကို
ဂရုစိုက်ရမလဲ အကယ်၍ စာဖတ်သူဧ။် ကွန်ပျုတာသည် ကျုးကျော်ခံရပါက

ဘယ်လိုအကြောင်းပြချက်နဲ့မှ ကျွှန်တော်စာရေးသူသည် ဒီလက်စွဲသည်
စာဖတ်သူကို အလုံးစုံကာကွယ်မှုပေးမယ်လို့ ရယ်ဖွယ်ကောင်းသော အာမခံချက်ကို မပေးပါ။ ကျွှန်တော်
ပြောပြမဲ့ အကြောင်းအရာများကို လေ့လာပြီးတော့ စာဖတ်သူသည်မိမိကိုယ်ရေးအချက်အလက်များကို
တစ်စုံတစ်ရာအထိ ကာကွယ်နိုင်ရန်သာ ရည်ရွယ်ပါသည်။

စာဖတ်သူသည် အင်တာနက်ကို ၂၄ နာရီ (သို့) ၁၅ မိနစ် ဆက်သွယ်ခြင်းဖြင့်
မိမိဧ။်စနစ်အန္တရာယ်ရှိမှုနှင့် မဆိုင်ပါ။ ၁၅မိနစ်တွင်းမှာပင် စာဖတ်သူဧ။် ကိုယ်ပိုင်စနစ်ကပင်
စာဖတ်သူကို ဝင်ခွင့်ပိတ်သွားနိုင်ခြင်း၊ စာဖတ်သူဧ။် ဘဏ်အချက်အလက် ၊ ကိုယ်ပိုင်လိပ်စာများ
ပါသွားနိုင်ပါသည်။

ကျွှန်တော်သည် စာဖတ်သူကို စိတ်ချောက်ချားအောင် ပြုလုပ်နေခြင်းမဟုတ်ပါ။
ကျွှန်တော်ပြောနေခြင်းသည် အကယ်၍ စာဖတ်သူဂရုမစိုက်ပါက စာဖတ်သူကိုယ်တိုင်ပင် အန္တရာယ်ကို
တံခါးဖွင့်ပေးသလိုပါပဲ။ စာဖတ်သူသည် ကျွှန်တော့်ကို အထင်အလွဲကောင်းလွဲနိုင်ပါသည်။ ကျွှန်တော့်ကို
စာဖတ်သူသည် စာဖတ်သူသည် Email စစ်ခြင်းနှင့် Chat ခြင်းကလွဲရင် ဘာမှမလုပ်တဲ့အတွက် ဒါတွေမဖြစ်နိုင်ပါဘူးလို့
ပြောဆိုကောင်းပြောဆိုပါလိမ့်မယ်။ ကျွှန်တော်မငြင်းပါ။ ကျွှန်တော်ရေးသာကိုသာ စောင့်ဖတ်စေချင်ပါသည်။

 
whiteDate: Friday, 2009-10-02, 7:53 PM | Message # 2
Private
Group: Users
Messages: 5
Reputation: 0
Status: Offline
စိတ်ဝင်စားစရာ တွေပါ စောင့်ဖတ်နေပါတယ်

Added (2009-10-02, 7:53 Pm)
---------------------------------------------
စိတ်ဝင်စားစရာ Topic တွေပါ စောင့်ဖတ်နေပါတယ် happy happy happy

 
mmkyiooDate: Sunday, 2009-10-04, 0:30 AM | Message # 3
Private
Group: Users
Messages: 2
Reputation: 0
Status: Offline
thzzz......i m waiting for ur sharing

biggrin biggrin biggrin

 
sharphwaythuDate: Tuesday, 2010-09-14, 7:57 AM | Message # 4
Private
Group: Users
Messages: 1
Reputation: 0
Status: Offline
ဟုတ်ကဲ့ နောက်ထပ်လာမယ့် Topic တွေကိုဘယ်တော့လာက်တင်မလဲဗျ။Hacker ဆိုတဲ့ဟာတွေနာမည်ကြီးလာလို.ကျွန်တော်လည်းစိတ်ဝင်စားပါတယ်။ smile
 
komyoDate: Tuesday, 2011-12-20, 8:19 PM | Message # 5
Private
Group: Users
Messages: 1
Reputation: 0
Status: Offline
အကိုတို့ရေ
ကျွန်တော်က hacking ကို အရမ်းပဲစိတ်ဝင်စားပါတယ် ဒါပေမယ့်အခြေအနေ အရပ်ရပ်ကြောင့်ကောင်းကောင်းမလေ့လာနိုင်ပါဘူး ဒါကြောင့် အကိုတို့သိသလောက်မှတ်သလောက်သင်ပေးဖို့တောင်းဆိုချင်ပါတယ်
biggrin
 
Forum » HACKING » Hacking Basic » Hackerတွေဘယ်လိုလုပ်ကြလဲ
  • Page 1 of 1
  • 1
Search:

Powered by uCoz