Saturday, 2025-01-18, 9:49 AM
ဟက်ကာဖိုရမ်
Main Registration Login
Welcome, Guest · RSS
[ New messages · Members · Forum rules · Search · RSS ]
  • Page 1 of 1
  • 1
FBI ခေါင်းဆောင်တစ်ဦး Phishing တိုက်ခိုက်မှုနှင့်ကြုံခဲ့ရ
ဟတ်ကာDate: Saturday, 2009-10-17, 9:22 AM | Message # 1
Major
Group: Administrators
Messages: 91
Reputation: 0
Status: Offline
FBI ခေါင်းဆောင်တစ်ဦး Phishing တိုက်ခိုက်မှုနှင့်ကြုံခဲ့ရ

FBI ဒါရိုက်တာတစ်ဦးဖြစ်သူ Robert Mueller အား ၄င်း၏ ဇနီးဖြစ်သူမှ Online Banking အသုံးပြုမှုကို တားမြစ်ပိတ်ပင်ခဲ့ပါတယ်။သူဟာလွန်ခဲ့သော ရက်ပိုင်းအတွင်း phishing scam တိုက်ခိုက်မှုနှင့် ကြုံတွေ့ခဲ့ရပြီး Online Banking အသုံးပြုကိုရပ်ဆိုင်းခဲ့ရကြောင်းပြောကြားခဲ့ပါတယ်။

မကြာသေးမီက သူဟာ ဘဏ်မှသတင်းအချက်အလက်များအတည်ပြုစစ်ဆေးပေးရန်နှိုးဆော်စာ အီးမေလ်းတစ်စောင်ကို လက်ခံရရှိခဲ့ပြီး ထို အီးမေလ်းဟာ တရားဝင်ထုတ်ပြန်ထားသော အီးမေလ်းနှင့်ဆင်တူပါတယ်။ထို့နောက်သူဟာ ထိုအီးမေလ်းပါ အချက်အလက်များကိုစတင်လိုက်နာခဲ့ပြီးမကြာခင်မှာတော့ ဒါဟာကောင်းမွန်သောအကြံတစ်ခုမဟုတ်ကြောင်းသိရှိသဘောပေါက်ခဲ့ပါတယ်။ထိုအီးမေလ်းအတွင်း click အနည်းငယ်ပြုလုပ်လိုက်သည်နှင့် တစ်ပြိုင်နက် ယခင်အင်တာနက် phishing scam တိုက်ခိုက်မှုနှင့်ကြုံတွေ့ရမှာဖြစ်ကြောင်း သူဟာအချိန်မှီသိရှိခဲ့ကြောင်း ၀န်ခံပြောကြားခဲ့ပါတယ်။ ထို့နောက်သူဟာ ၄င်း၏ password များအားပြောင်းလဲအသုံးပြုခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုမှ ကာကွယ်ခဲ့ပါတယ်။ဒါပေမယ့် ၄င်း၏ဇနီးဖြစ်သူကတော့ online banking အသုံးပြုမှုကိုတားမြစ်ခဲ့ကြောင်းသိရှိရပါတယ်။

လွန်ခဲ့သော ရက်အနည်းငယ်က တော့ Los Angeles မှ FBI ဟာအမေရိကန်နှင့် အီဂျစ်ရှိ ဆိုက်ဘာတိုက်ခိုက်သူ ၁၀၀ အားစွဲချက်တင်စစ်ဆေးခဲ့ပါတယ်။ထို့အပြင် California , Nevada နှင့် Carolina မြောက်ပိုင်းမှ တရားခံ ၃၃ ဦးအားဖမ်းဆီးအရေးယူခဲ့ကြောင်းသိရှိရပါတယ်။ အီဂျစ်နိုင်ငံသားဟက်ကာများဟာ အမေရိကန်ရှိ ဘဏ္ဍာရေးအဖွဲ့အစည်းနှစ်ခုအား အဓိကထားပြီး တိုက်ခိုက်ခဲ့ကြောင်း ၄င်းတို့ဟာ phishing attack ကိုအသုံးပြုပြီး ဘဏ်အကောင့်တွေရဲ့ အချက်အလက်များကိုတရားမ၀င်ခိုးယူခဲ့ကြောင်း FBI ခန့်မှန်းချက်အရဘဏ် customer ထောင်ကျော်ခဲ့ဟာ အဓိကခြိမ်းခြောက်တိုက်ခိုက်ခံနေရကြောင်း သိရှိရပါတယ်။
စနေဦး

Gmail တိုက်ခိုက်ခံရကြောင်း Google ကအတည်ပြုပြောဆို

Google မှအခမဲ့အီးမေလ်းဝန်ဆောင်မှုဖြစ်တဲ့ Gmail ဟာ ဟက်ဟာများရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အတည်ပြုပြောကြားလိုက်ပါတယ်။မကြာမီရက်ပိုင်းအတွင်းက Gmail , Yahoo Mail , Hot Mail ,Comcast ,Earthlink နဲ့အခြား အီးမေလ်းများအပါအ၀င် password ၁၀,၀၀၀ မှ ၂၀,၀၀၀ ကြားခိုးယူခံခဲ့ရကြောင်း နာမည်ကြီးသတင်းဌာနတစ်ခုမှဖော်ပြခဲ့ပါတယ်။ Google ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ Gmail Account အရေအတွက်အနည်းငယ်ခန့်ဟက်ကာများရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရပြီး သတိထားစောင့်ကြည့်မှုများပြုလုပ်နေတယ်လို့ပြောကြားခဲ့ပါတယ်။ဒါ့အပြင် ဂျီမေလ်းအသုံးပြုသူများအနေနဲ့ တိုက်ခိုက်ခံရမှုသံသယဖြစ်ဖွယ် အခြေအနေများကို တွေ့ရှိရပါက ၄င်းတို့ရဲ့ Gmail password များကိုပြန်လည်သတ်မှတ်ထားသင့်ကြောင်းသတိပေးပြောကြားခဲ့ပါတယ်။ Anti-Phishing Working Group(APWG) ရဲ့ပြောကြားချက်အရ phishing attack ဟာမြင့်တက်လာလျက်ရှိပြီး၎င်းစနစ်ဖြင့်တိုက်ခိုက်ခံရတဲ့ ၀က်ဘ်ဆိုက်အရေအတွက်ဟာ ပြီးခဲ့တဲ့ ဇွန်လအထိ ၅၀,၀၀၀ နီးပါးခန့်ရှိလာကာ ၂၀၀၇ဧပြီ နောက်ပိုင်း ဒုတိယအမြင့်ဆုံး အရေအတွက်ဖြစ်ခဲ့ကြောင်းသိရပါတယ်။
နောင်နောင်

အီးမေလ်းစနစ်များ တိုက်ခိုက်ခံရ

အင်တာနက်ယိုပေါက်အားနည်းချက်မှ တဆင့်ထောင်ပေါင်းများစွာသော Windows Live Hotmail အသုံးပြုသူများ၏ username နှင့် password များခိုးယူခြင်းခံခဲ့ရကြောင်း Microsoft မှအတည်ပြုပြောကြားခဲ့ပါတယ်။ ထို့ပြင် Gmail , Yahoo Mail တို့ဟာလည်းထိုသို့သော ထိုတိုက်ခိုက်မှုကိုခံခဲ့ရပြီး account အရေအတွက်အများအပြားကိုတိုက်ခိုက်ခဲ့သော Phishing Attackဖြစ်ကြောင်း သိရှိရပါတယ်။ကုမ္ပဏီမှပြောကြားချက်အရ Web - based email ဆားဗစ်အတွင်းဝင်ရောက်တိုက်ခိုက်ခြင်းမဟုတ်ပဲ အချို့သော အားနည်းချက်နှင့် သတိလစ်ဟင်းမှုအချို့ကြောင့်သာ account information များခိုးခံရခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ Microsoft မှထုတ်ဖော်ပြောကြားချက်များအရ ယခုအချိန်မှာတိုက်ခိုက်ခံရသော Hotmail account များအားပိတ်ပင်ထားခဲ့ပြီး အသုံးပြုသူများအတွက် tool များထုတ်လုပ်ပေးမည်ဖြစ်ကြောင်း ခိုးယူခံရသော account များကိုလည်းပြန်လည်ထိန်းချုပ်ရယူနိုင်ရန်လုပ်ဆောင်ပေးမည်ဖြစ်ကြောင်းသိရှိရပါတယ်။မကြာသေးမှီကာလက စက်ရုံ အလုပ်ရုံများအတွင်း phishing တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး ဟက်ကာများဟာ အသုံးပြုသူများ၏ account များရရှိသွားခဲ့ပြီး ယခုလိုဆက်လက်တိုက်ခိုက်မှုများရှိလာကြောင်း Google မှပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါတယ်။ထို့ပြင် Anti - phishing Working Group (APWG) မှဥက္ကဌဖြစ်သူ Dove Jevans မှလည်း ကြီးမားတဲ့ phishing တိုက်ခိုက်မှုဖြစ်ပြီး ပြီးခဲ့တဲ့ဇွန်လအတွင်းမှာလည်း phishing တိုက်ခိုက်မှု ၅၀၀၀၀ ခန့်ရှိကြောင်းအတည်ပြုပြောကြားခဲ့ပါတယ်။

သတင်းဌာနတစ်ခုမှတင်ပြချက်အရယခုလို တိုက်ခိုက်မှုတွင် Gmail ,Yahoo Mail , AOL , Comcast နှင့် EarthLink များပါဝင်ခဲ့ပြီး account ပေါင်း ၂၀၀၀၀ ကျော်ထိခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ Microsoft မှစစ်တမ်းအရ Hotmail အသုံးပြုသူဦးရေဟာ သန်း၄၀၀ခန့်ရှိပြီး အချို့ကတော့ ၄င်းတို့၏ password များအားပြောင်းလဲ အသုံးပြုခဲ့ကြောင်း သိရှိရပါတယ်။
စနေဦး

 
  • Page 1 of 1
  • 1
Search:

Powered by uCoz