Thursday, 2025-01-30, 5:31 PM
ဟက်ကာဖိုရမ်
Main Registration Login
Welcome, Guest · RSS
[ New messages · Members · Forum rules · Search · RSS ]
  • Page 1 of 1
  • 1
Xss... CHAPTER I
ဟတ်ကာDate: Friday, 2009-10-02, 5:57 PM | Message # 1
Major
Group: Administrators
Messages: 91
Reputation: 0
Status: Offline
CHAPTER I

XSS လို့ခေါ်တဲ့ Cross Site Scripting ကိုအရင်တုန်းကတော့ CSS လို့ခေါ်ဆိုခဲ့ ကြပါတယ် ဒါပေမဲ့လူတွေက Cascading Style Sheet (CSS) နဲ့မှားယွင်းတတ်ကြလို့ 2002 ခုနှစ်မှာ Steve Champeon ဆိုသူက CSS ဆိုတဲ့အခေါ်အဝေါ်အစား XSS လို့ပြောင်းလဲခေါ်ဆိုသတ်မှတ်ကြဖို့ အကြံပြုခဲ့ရာကစပြီး Cross Site Scripting ဆိုတဲ့ Attack ကို XSS လို့ပြောင်လဲခေါ်ဆိုခဲ့ကြပါတယ်
XSS ဆိုတဲ့ Cross Site Scripting Attack ဟာ Web Site တွေရဲ့လုံခြုံရေးဆိုင်ရာအားနည်းချက် (vulnerabilities) တွေကတစင့် Web Site ရဲ့ Structure ထဲကို Java Script တွေကို Attacker (Hacker) တွေက ထည့်သွင်းအသုံးပြုနိုင်တဲ့ Attack တစ်မျိုးပါ XSS ကိုယေဘုယျ အားဖြင့်တော့
Temporary XSS
Permanent XSS
ဆိုပြီး ခွဲခြားလို့ရပါတယ်

Temporary XSS

သူကတော့ URL သို့မဟုတ် Field Based XSS ပါ

URL Based XSS ဆိုတာကတော့ URL Strings တွေကတစင့် Java Script တွေကို Attacker ကထည့်သွင်းနိုင်တာမျိုးကိုခေါ်တာပါ
ဥပမာ
Code
http://www.target.com/page.php?result=alert ('xss')

အပေါ်က ဥပမာကိုကြည့်မယ်ဆိုရင် တကယ်လို့ user တစ်ယောက်ကဖော်ပြပါ page ကိုများ သွားခဲ့မယ် ဆိုရင် သူ့ရဲ့ browser မှာ xss ဆိုတဲ့ alert တစ်ခုတက်လာမှာကိုတွေ့ရမှာဖြစ်ပါတယ် တကယ်တမ်းတော့ အဲဒါဟာ page.php မှာပါဝင်တဲ့ alert မဟုတ်ပါဘူး ဒါပေမဲ့ အဲဒီ page က vulnerable parameter ဖြစ်တဲ့ result ဆိုတာကြောင့် (coding ပိုင်း မှာ filter မလုပ်ထားတာကြောင့်) ဖြစ်တာပါ အဲဒါကြောင့် Attacker (Hacker) က URL String မှာ alert('xss') လို့ထည့်သွင်းလိုက်တဲ့အခါမှာ xss ဆိုတဲ့ Alert ပေါ်လာရခြင်းပဲဖြစ်ပါတယ်

Field Based XSS

Field Based XSS ဆိုတာကတော့ Server ကနေပြီး process လုပ်ပြီး ပြန်ပြီး display လုပ်ပေးတဲ့ field တွေထဲမှာ Java Script တွေကို Attacker (Hacker) ကထည့်သွင်းတာကိုပြောတာပါ သူကလည်း URL based XSS နဲ့ ဆင်တူပါတယ် ဒီမှာကတော့ Attacker ဟာသူ့ရဲ့ Java Script ကို Form Field ထဲမှာ ထည့်သွင်းပေးရပါတယ်
ဥပမာ
Web Site တစ်ခုမှာ Search Box ရှိပြီး သူဟာ XSS vulnerability ရှိတယ်ဆိုပါစို့ ဆိုလိုတာက user ကရှာသမျှကို search result page မှာ ဖော်ပြပေးတာပါ အဲဒီအခါမှာ Attacker က အဲဒီ Search Box ထဲမှာ
alert('xss')
လို့ ရိုက်ထည့်ပြီး ရှာလိုက်ရင် xss ဆိုတဲ့ pop up box တစ်ခုတက်လာပါလိမ့်မယ်

ရုတ်တရက်ကြည့်လိုက်ရင်တော့ အဲဒီလိုမျိုး Temporary XSS တွေဟာ ဘာ အန္တရာယ် မှမရှိလောက်ဘူးလို့ ထင်ရပေမဲ့ Attacker (Hacker) တွေအတွက်ကတော့ သူတို့ရဲ့ Defacement ကိုပြုလုပ်ဖို့အတွက် ပထမဦးဆုံးသော ခြေလှမ်းကို စတင်စေနိုင်ပါတယ်

Permanent XSS (Persistent သို့မဟုတ် Script Injection)

ဒီအပိုင်းကအရေးကြီးသလို အန္တရာယ် လည်း ကြီးပါတယ် သူကတော့ user တစ်ယောက်ရိုက်ထည့်လိုက်တဲ့ Data ကို Web Site ရဲ့ DataBase ထဲမှာ သိမ်းထားပေးပြီး user ကို ပြန်လည် ပြသပေးပါတယ်
ဥပမာ
Web Site တစ်ခုမှာ Comment Box သို့မဟုတ် Guest Book ရှိပြီး အဲဒါဟာ XSS vulnerable ဖြစ်တယ်ဆိုကြပါစို့ အဲဒါကို Attacker (Hacker) က
alert('xss')
ဆိုပြီး ရိုက်ထည့်လိုက်မယ်ဆိုရင် အထက်မှာဖော်ပြခဲ့သလိုပဲ အဲဒီ script ဟာ Web Site ရဲ့ DataBase ထဲမှာ သွားပြီးသိမ်းဆည်းထားပါတယ် Attacker (Hacker) ရဲ့ အဲဒီ malicious script ဟာ အဲဒီ comment page ကို browse လုပ်တဲ့ user တိုင်းကို xss ဆိုတဲ့ popup message ကိုဖော်ပြပေးမှာဖြစ်ပါတယ်။

Source:

Code
http://www.mmso.org/forum/index.php/topic,29.0.html
 
  • Page 1 of 1
  • 1
Search:

Powered by uCoz