Types of Network Servers
Server အမျိုးအစားတွေမတူကြဘူး။ Server Computer ကတော့အတူတူပဲ။ ဒါပေမဲ့ NOS ကို Install လုပ်ပြီးတဲ့အခါမှာ ဒီserver ကဘယ်လို Server မျိုးလည်းဆိုတာကို ရွေးချယ်ပေးနိုင်တယ်။ အဲဒါကို role တင်တယ်လို့ခေါ်တယ်။ အဲဒီမှာ Server တွေရဲ့ တာဝန်တွေလည်း ကွဲသွားတယ်။ Servers တွေကဘာတွေလဲဆိုတော့ … File Servers
File Servers. သူကဘာတွေလုပ်လဲ။ သူ့ရဲ့အလုပ်က ကွန်ရက်ပေါ်ကနေ users တွေလိုအပ်တဲ့ files တွေကို ပို့ပေးတယ်။ စက်တစ်လုံးက လိုအပ်တဲ့ဖိုင်တစ်ဖိုင်ကို လှမ်းတောင်းရင် သူကနေပို့ပေးရတယ်။ အဲဒီဖိုင်တွေထဲမှာ users တွေ share လုပ်ထားတဲ့ ဖိုင် တွေလည်းပါမယ်။ အဲဒီဖိုင်တွေကတော့ public folder ထဲမှာ သူကထည့်ထားတယ်။ File server က အရေးကြီးတဲ့ဖိုင်တွေကို နေရာ တစ်နေရာထဲမှာ ထားတယ်။ အဲဒါကအချက်အလက်တွေကို အလျဉ်းသင့်သလို (ဒါမှမဟုတ်) ပုံမှန် back up လုပ်နိုင်တယ်။ အဲ…ဒါပေမဲ့ အဆိုးဘက်ကနေကြည့်မယ်ဆိုရင်တော့ File Server ပျက်ပြီဆိုရင် (down ပြီဆိုရင်) users တွေက သူတို့ရဲ့ ဖိုင်တွေကို ပြန်မရတော့ ဘူး။
Print Servers
Print Servers. သူကကောဘာတွေလုပ်ပေးသလဲ။ Network printer က သူ့လက်ထဲမှာရှိတယ်။ Users တွေက စာတစ်စောင် ကို print ထုတ်ချင်တဲ့အခါမှာ သူ့ရဲ့ hard drive ဆီကို အဲဒီဖိုင်ကို လှမ်းပို့ပေးရတယ်။ သူကမှတစ်ဆင့် ပို့လိုက်တဲ့ စာကို print ထုတ်ပေးတယ်။ Print Server က Print နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတယ်။ လက်ခံထားတဲ့ print jobs တွေကို ထုတ်ပေးတယ်။ Network Administrator က print server ကိုဝင်ပြီး print jobs တွေကိုလှမ်းဖျက်လို့ရတယ်။ ပြီးတော့ တန်းစီနေတဲ့ print jobs တွေကို ပြင်လို့လည်းရတယ်။ ဒါပေမဲ့ တော်တော်များများကတော့ Print ထုတ်ဖို့အတွက်နဲ့တော့ Server တစ်လုံး မထိုင်ဘူးလို့ထင်တယ်။
Communication Servers
Communication Servers တွေကတော့ software ကောင်းကောင်းသုံးပြီးတော့ ကွန်ရက်ပေါ်က users တွေရဲ့ ဆက်သွယ်မှု ကို လုပ်ဆောင်ပေးတယ်။ email တွေလိုမျိုး၊ ဆွေးနွေးတဲ့အဖွဲ့တွေလိုမျိုး၊ share information တွေလိုမျိုးတွေကို သူက စီစဉ်ပေးတယ်။
Application Servers
Application Server ကတော့ applications တွေကို database အနေနဲ့ထားတယ်။ စာရိုက်တာမျိုးတို့၊ စာရင်းဇယားဆွဲတာမျိုး တို့ လုပ်တဲ့ software တွေလိုမျိုးက Application Server ပေါ်မှာသိမ်းထားနိုင်တယ်။ Data ကိုသိမ်းတာမဟုတ်ဘူး။ program ကိုသိမ်း ထားတာ။ Client workstation တွေမှာ software ကကောင်းကောင်းအလုပ်မလုပ်တော့ဘူးဆိုရင် အဲဒီလို Application server က software တွေကို အလွယ်တကူ update လုပ်နိုင်တယ်။ Application server က update လုပ်လိုက်ရုံနဲ့ user တွေအားလုံးက update ဖြစ်တဲ့ Application ကိုယူသုံးနိုင်တယ်။ စက်တစ်လုံးချင်းစီကို လိုက်လုပ်နေစရာမလိုတော့ဘူး။ User တွေအနေနဲ့ သူတို့ရဲ့စက်တွေကနေ Application Server ဆီက software ကိုယူသုံးနိုင်တယ်။ ဒါပေမဲ့ သူတို့သုံးချင်တဲ့ software က server မှာရှိနေမှ သုံးလို့ရတယ်။