WriteMem() ဆိုတဲ့ function က memory array ပေါ်မှာ data သွားရေးတာပါ။ Address ကတော့ ကိုယ်ရေးချင်တဲ့ address ပေါ့။ ဥပမာ၊ ပထမ integer value တခုသွားရေးချင်ရင်၊ program.WriteMem(0, 101, 4); ပေါ့။
ဒုတိယ integer တခုသွားရေးချင်ရင် address 4 မှာရေးရပါမယ် (ပထမ integer က address 0 ကနေ 3 ထိနေရာယူထားတယ်လေ)။
program.WriteMem(4, 456, 4); ပေါ့။
ReadMem ကတော့ WriteMem ရဲ့ပြောင်းပြန် memory ကနေပြန်ဖတ်တဲ့ function ပါ။ Program() constructor ထဲမှာ ကျွန်တော်တို့ရဲ့ memory ကို ဆောက်ပေးဖို့လိုပါလိမ့်မယ်။ ခုကျွန်တော်တို့ memory size ကို 10KB ပေးထားပါတယ်။ ဒီတော့ ကျွန်တော်တို့ language မှာ 10KB ထက်ပိုပြီး သိမ်းလို့မရဘူးပေါ့ဗျာ။ ဒီထက်ပိုသိမ်းချင်ရင် memory size ကိုပြင်ပေးရပါလိမ့်မယ်။ Destructor ထဲမှာ memory ကို delete လုပ်ခဲ့ဖို့လဲ မမေ့ပါနဲ့။
ဒီနေရာမှာ အားသာချက်တခုက global memory ကို 0 တွေတခါတည်း initialize လုပ်ထားလို့ရတာပါဘဲ (constructor ထဲမှာ “ZeroMemory(pMemory, 10240);” လို့ရေးထားတယ်လေ)။ C++ မှာဆို memory ကအစမှာ ဗြောက်သောက်ဖြစ်နေတာမို့ variable ကြေညာတိုင်းအမြဲ initialize လုပ်ပေးရပါတယ်။ ဒါက Java လို Virtual Machine မှာ run တဲ့ programming language တွေရဲ့အားသာချက်တခုပါ။
ခုကျွန်တော်တို့ဆီမှာ global memory ရှိပြီမို့ memory ကို access လုပ်တဲ့ Op-code တချို့ရေးဖို့ဘဲကျန်ပါတော့တယ်။ ဒီအတွက် memory ကိုထဲကိုသွားသိမ်းမဲ့ OP_PUT_MEM ဆိုတဲ့ Op-code ကိုထည့်လိုက်ပါ။
Code
enum OpCode {
.......
OP_PUT_MEM, // write operand to global memory
.......
};
နောက်ပြီးရင် VirtualMachine::Run() function ထဲမှာ OP_PUT_MEM အတွက်သွားရေးပါ။
Code
Instruction inst = program.Next();
switch (inst.code)
{
......
case OP_PUT_MEM:
program.WriteMem(inst.operand[0], (void*)&(inst.operand[1]), 4);
break;
......
}
ဒီနေရာမှာ Instruction ရဲ့ ပထမ operand ကကိုယ်ရေးချင်တဲ့ memory address ဖြစ်ပြီး ဒုတိယ operand ကကိုယ်သိမ်းချင်တဲ့ data ဖြစ်ပါတယ်။ သိမ်းတဲ့ data က integer မို့ size ကတော့ 4 ပါ။ ပြီးရင် NUM ဆိုတဲ့ Op-code ကို operand ကို print လုပ်မဲ့အစား memory ထဲက data ကို print လုပ်တဲ့ function ပြောင်းရေးကြည့်ရအောင်။
[/code]
...........
case OP_NUM:
{
int data;
program.ReadMem(inst.operand[0], (void*) &data, 4);
printf("Current Number: %d", data);
}
break;
...........
...........
ဒီနေရာမှာ operand 0 က data မဟုတ်တော့ဘဲ print ထုတ်မဲ့ memory ရဲ့ address ဖြစ်သွားပါတယ်။ ကဲ ခုကျွန်တော်တို့ရဲ့ code ကို testing လုပ်ကြည့်ရအောင်။ main() function ကိုအောက်ကအတိုင်းပြင်ပါမယ်။
Code
void main() {
Program MyProgram;
// my script <img src="http://s102.ucoz.net/sm/1/smile.gif" border="0" align="absmiddle" alt="smile">
MyProgram.Add(Instruction(OP_TALK, 0, 0));
MyProgram.Add(Instruction(OP_PUT_MEM, 0, 101));
MyProgram.Add(Instruction(OP_PUT_MEM, 4, 456));
MyProgram.Add(Instruction(OP_NUM, 0, 0));
MyProgram.Add(Instruction(OP_NUM, 4, 0));
MyProgram.Add(Instruction(OP_END, 0, 0));
vm.Run(MyProgram);
};
ဒါဆိုရင် အောက်ကအတိုင်း output ရပါမယ်။ Output မှာသိပ်အပြောင်းအလဲ မရှိပေမဲ့ ခုဆိုကျွန်တော်တို့ရဲ့ language လေးက data တွေကို memory မှာသွားသိမ်းလို့ရနေပါပြီ Smile