Buffer Overflow သူက application တွေရဲ့ user data input လက်ခံရာမှာ ယိုပေါက်ဖြစ်နေတာပါ။
eg, array and pointer , dynamic memory
void function (char* input)
{
char buffer [5];
strcpy(buffer,input);
}
void main()
{
char *str="More than 5";
function(str);
}
ဒါဆိုရင် input size က buffer size ကိုကျော်သွားပါတယ်။
ပုံမှန်ဆိုရင် memory ပေါ်မှာ buffer ထဲကို input ထဲ့ပီးတာနဲ့ နောက်ဆက်ပီး execute လုပ်ရမယ့် address ကိုသွားမှာပါ။ ခုတော့ user input က အဲဒါကို overwrite လုပ်သွားပါတယ်။ program crash ဖြစ်သွားပါတယ်။
user input နေရာမှာ hacker က malicious code တွေ နဲ့ memory ပေါ်မှာ အဲဒီကုတ် ရှိနေမယ့် address ကို ထည့်လိုက်ရင် input ပီး၊နောက်ဆက်ပီး run မှာက malicious code ဖြစ်သွားပါတယ်။ ဒါက stack overflow ပါ။
ံHeap overflow က heap memory ကိုသုံးတဲ့ dynamic memory နဲ့ ဆိုင်ပါတယ်။ သူက C++ မှာ new နဲ့ စ ရပီး delete နဲ့ အမှိုက် ကောက်ရမှာပါ။ new နဲ့ စပုံဖော်တာကို buffer size ကျော်သွားအောင် input ပေးပီး delete ကို overwrite လုပ်လိုက်ပီး နောက် .... အပေါ်ကလိုပဲ malicious code နဲ့ address ကို run စေတာပါ။
library attack ဆိုတာရှိပါသေးတယ်။အဲဒါကိုတော့ သေချာနားမလည်ပါဘူးခင်ဗျာ။
တစ်ကယ်တော့ buffer overflow တော်တော် အသုံးများပီး အသေးစိတ်တွေက လဲ တော်တော်လေးကို လက်ပေါက်ကပ်ပါတယ်။