Sunday, 2024-05-12, 8:18 PM
ဟက်ကာဖိုရမ်
Main Registration Login
Welcome, Guest · RSS
[ New messages · Members · Forum rules · Search · RSS ]
  • Page 1 of 1
  • 1
Forum » ICT စာမေးပွဲများအကြောင်း » ICT သင်တန်းများအြှေုကာင်း » CICT Diploma သင်တန်းအကြောင်း
CICT Diploma သင်တန်းအကြောင်း
ဟတ်ကာDate: Friday, 2010-01-08, 9:01 AM | Message # 1
Major
Group: Administrators
Messages: 91
Reputation: 0
Status: Offline
CICT Diploma နှင့် ပတ်သက်ပြီး
IT Industry တွေမှာ အဓိက လိုအပ်ချက်ဖြစ်နေတဲ့ အရည်အချင်း ပြည့်ဝတဲ့ Software Engineer တွေ ပေါ်ထွက်လာစေဖို့နဲ့ စီပွားရေးစီမံခန့်ခွဲမှုနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေမှာ ICT နည်းပညာတွေကို သုံးပြီး လက်တွေ့လုပ်ငန်းခွင်တွေမှာ ၀င်ရောက် လုပ်ကိုင်နိုင်စေဖို့ အဓိကထား ဖွင့်လှစ် တာ ဖြစ်ပါတယ်။ CICT Diploma သင်တန်းတွေ အနေနဲ့ Diploma in Software Engineering နဲ့ Diploma in Business IT သင်တန်းတွေကို ဖွင့်လှစ်ထားပါတယ်။
CICT Diploma တစ်ခုအတွက် စုစုပေါင်းကုန်ကျစရိတ် ဘယ်လောက် ကုန်ကျနိုင်သလဲ။ အချိန်ဘယ်လောက်ကြာမလဲ။
CICT Diploma တစ်ခုကို မြန်မာကျပ်ငွေ ရှစ်သိန်းဝန်းကျင် ကုန်ကျမှာ ဖြစ်ပါတယ်။ Promotion ကာလတွေမှာတော့ Discount သတ်မှတ်ပေးတာတွေ ရှိပါတယ်။ Diploma တစ်ခုကို အချိန် ၉ လ ကြာမှာ ဖြစ်ပါတယ်။
ပြည်တွင်း ပြည်ပမှာ ဘယ်လို အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိလဲ။
CICT Diploma in Software Engineering သင်တန်း ပြီးဆုံးပါက ပြည်တွင်းပြည်ပ IT Industry တွေမှာ ဆော့ဖ်ဝဲ အင်ဂျင်နီယာတစ်ဦး အနေနဲ့ ၀င်ရောက် လုပ်ကိုင်နိုင်မှာ ဖြစ်ပြီး CICT Diploma in Business IT သင်တန်း ပြီးဆုံးပါက IT Industry တွေရဲ့ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု ကျွမ်းကျင်သူ တစ်ဦးအနေနဲ့ ၀င်ရောက်လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ သင်တန်းဆင်းတွေအနေနဲ့ လုပ်ငန်းလိုအပ်ချက်အရ သတ်မှတ်ထားတဲ့ အရည်အချင်း ပြည့်ဝအောင်လည်း သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
CICT Diploma သင်တန်းကို ဘယ်သူတွေ တက်ရောက်နိုင်လဲ။
အခြေခံပညာ အထက်တန်း အောင်မြင်ပြီး ကွန်ပျူတာ အခြေခံရှိသူတွေ အပါအ၀င် စိတ်ပါဝင်စားသူတိုင်း CICT Diploma ကို တက်ရောက်နိုင်ပါတယ်။
 
Forum » ICT စာမေးပွဲများအကြောင်း » ICT သင်တန်းများအြှေုကာင်း » CICT Diploma သင်တန်းအကြောင်း
  • Page 1 of 1
  • 1
Search:

Powered by uCoz