Monday, 2024-05-13, 0:30 AM
ဟက်ကာဖိုရမ်
Main Registration Login
Welcome, Guest · RSS
[ New messages · Members · Forum rules · Search · RSS ]
  • Page 1 of 1
  • 1
Forum » ICT စာမေးပွဲများအကြောင်း » ICT စာမေးပွဲများအကြောင်း » CCNA စာမေးပွဲ အခမဲ့ဖြေဆိုခွင့် လျှောက်ထားနိုင်
CCNA စာမေးပွဲ အခမဲ့ဖြေဆိုခွင့် လျှောက်ထားနိုင်
ဟတ်ကာDate: Friday, 2010-01-08, 8:24 AM | Message # 1
Major
Group: Administrators
Messages: 91
Reputation: 0
Status: Offline
Networking Certificate Exam များတွင် Cisco Certificate များမှာ နံပါတ် (၁) နေရာတွင်ရယူထားသော်လည်း Cisco စာမေးပွဲကြေးများမှာ မြင့်မားလျက်ရှိကြောင်းသိရသည်။ ထိုသို့စာမေးပွဲကြေးများမြင့်မားသဖြင့် Cisco Networking ဘာသာရပ်ကို လေ့လာထားသော်လည်း စာမေးပွဲဖြေဆိုရန် အခက်အခဲရှိသူမည်သူမဆို CCNA စာမေးပွဲ အခမဲ့ဖြေဆိုခွင့်လျှောက်ထားနိုင်ကြောင်း Netinfo Training Centre မှသိရှိရသည်။ အဆိုပါဖြေဆိုခွင့်မှာ Cisco စာမေးပွဲများအားလုံးအတွက်မဟုတ်ဘဲ CCNA စာမေးပွဲတစ်ခုတည်းအတွက်သာ စာမေးပွဲအခမဲ့ဖြေဆိုခွင့် ဖြစ်ကြောင်း သိရသည်။
“မြန်မာနိုင်ငံမှာ ICT ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် လူငယ်တွေဟာ ကွန်ပျူတာလေ့လာသင်ယူမှုတွေ ပိုများလာပါတယ်” ဒီလိုလေ့လာသင်ယူလာတဲ့အထဲမှာ Networking ဘာသာရပ်ကို တိုတောင်းသောအချိန်ကာလအတွင်း နိုင်ငံတကာသို့သွားရောက်အလုပ်လုပ်နိုင်သည့် အခွင့်အရေးအများဆုံးလမ်းကြောင်းတစ်ခုအဖြစ် ရွေးချယ်လာကြပါတယ်။ Networking Certifcate Exam တွေမှာ Cisco Certificate များက ထိပ်ဆုံးနေရာမှာရယူထားပါတယ်။ ဒါပေမဲ့ စာမေးပွဲကြေးကမြင့်မားတဲ့အခါမှာ ၀ါသနာပါသော်လည်း အချို့သောလူငယ်များအနေနဲ့ စာမေးပွဲဖြေဆိုဖို့ အခက်အခဲရှိပါတယ်။ ဒီအခက်အခဲတွေကိုဖြေရှင်းဖို့အတွက် အမှန်တကယ်ကြိုးစားပြီး ဘ၀ကိုရည်မှန်း ချက်မြင့်မားစွာနဲ့ မှန်းထားသူတွေအတွက်ရည်ရွယ်ပြီးတော့ တစ်ဦးလျှင် CCNA စာမေးပွဲကြေးနဲ့ စာမေးပွဲ Register ကြေးကျပ်သုံးသိန်းခွဲခန့်ကို ကျခံပေးသွားမှာဖြစ်ပါတယ်” ဟု Netinfo Training Centre မှ တာဝန်ရှိသူတစ်ဦးက အင်တာနက်ဂျာနယ်သို့ပြောသည်။
“CCNA“ စာမေးပွဲအခမဲ့ဖြေဆိုခွင့်ကို လက်ရှိသင်တန်းမှာ တက်ရောက်နေတဲ့သူတွေရော ပြင်ပက CCNA လေ့လာသင်ယူနေသူတွေပါ လျှောက်ထားနိုင်ပါတယ်။ သင်တန်းကနေလျှောက်တဲ့သူတွေအနေနဲ့ကတော့ ကိုယ့်ရဲ့သင်တန်းကဖြစ်တဲ့အတွက် သူတို့ရဲ့ကြိုးစားအားထုတ်မှုနဲ့ အနေအထားကိုကြည့်ပြီး ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ ပြင်ကနေလာလျှောက်တဲ့သူတွေအနေနဲ့က အခမဲ့ဖြေဆိုခွင့်အတွက် လျှောက်ထားမဲ့ဖောင်အ ရင်ဖြည့်ရပါမယ်။ ဖောင်ဖြည့်ပြီးသွားပြီဆိုင် CCNA နဲ့ပတ်သက်တဲ့ Test တစ်ခုကိုဖြေဆိုရပါမယ်။ Test ဖြေဆိုပြီးသွားတာနဲ့ စာမေးပွဲအခမဲ့ဖြေဆိုခွင့်နဲ့ပတ်သက်ပြီး အင်တာဗျူးဖြေဆိုရမှာဖြစ်ပါတယ်။ Qualify ဖြစ်တဲ့သူတွေကိုတော့ CCNA စာမေးပွဲအခမဲ့ဖြေဆိုခွင့်တွေ ပေးအပ်သွားမှာဖြစ်ပါတယ်။
Netinfo Training Centre အနေဖြင့် Networking Certificate Exam များကို ဖြေဆိုမည့်သူများအား Course စာအုပ်အပြည့်သင်ကြားပေးခြင်း၊ သင်ခန်းစာနှင့်အတူ လက်တွေ့လေ့ကျင့်ခန်းများအတွက် သင်တန်းသားတစ်ဦးလျှင် Pentium Dual Core စက်များဖြင့် လေ့ကျင့်သင်ကြားပေးခြင်း၊ သင်ထောက်ကူပစ္စည်းများဖြင့် အပြည့်အ၀သင်ကြားပေးခြင်း၊ မြန်နှုန်းမြင့်အင်တာနက်ကို အခမဲ့ပေးသုံးခြင်း၊ Exam များအလွယ်တကူဖြေဆိုရန် အနီးကပ်မေးခွန်းဟောင်းများကို လေ့ကျင့်ပေးခြင်းများကို ပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။
 
Forum » ICT စာမေးပွဲများအကြောင်း » ICT စာမေးပွဲများအကြောင်း » CCNA စာမေးပွဲ အခမဲ့ဖြေဆိုခွင့် လျှောက်ထားနိုင်
  • Page 1 of 1
  • 1
Search:

Powered by uCoz