Tuesday, 2024-05-14, 2:29 AM
ဟက်ကာဖိုရမ်
Main Registration Login
Welcome, Guest · RSS
[ New messages · Members · Forum rules · Search · RSS ]
  • Page 1 of 1
  • 1
Forum » OPERATING SYSTEM » Linux / Unix » linux နဲ Ubuntu သမိင်းအစ
linux နဲ Ubuntu သမိင်းအစ
ဟတ်ကာDate: Wednesday, 2010-01-06, 6:48 PM | Message # 1
Major
Group: Administrators
Messages: 91
Reputation: 0
Status: Offline
UNIX ကို AT&T က 1969 မှာ စတင်ခဲ့တယ်။ ကနဦးမှာ MIT (Massachusetts Institute of Technology) ရဲ့ Bell Labs ကနေ 1957 ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပြီး Multics (Multiplexed Information and Computing Services) လို့ Code Name ခေါ်ဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာ UNICS (UNiplexed Information and Computing Service) လို့ ပြောင်းလဲခေါ်ဆိုရာမှ တဆင့် စာလုံးပေါင်း UNIX လို့ပြောင်းလဲ ခေါ်ဆိုခဲ့ပြန်ပါတယ်။ သူရဲ့ Trade Mark ဟာ စာလုံးအကြီးတွေနဲ့ ရေး သားထားတဲ့ UNIX ပဲဖြစ်ပြီး အချို့က UNIX ဆိုပြီး Small Caps နဲ့လဲ ရေးလေ့ရှိတယ်။ ပထမဆုံးအကြိမ် Release လုပ်တာကတော့ 11/03/1971 မှပါ။ UNIX ရဲ့ Design ကို Portable, Multitasking, Multi User, Time Show ဆိုတဲ့ အချက်တွေ ပါဝင်အောင် အခြေခံတည်ဆောက်ခဲ့တာပါ။

အရင်တုန်းက Computer လောကမှာ Unix က လုံးဝနာမည်ကြီးပြီး စိုးမိုးနေရာ ယူထားတဲ့အချိန်။ အဲဒီအချိန်မှာ Unix မှ Unix ဖြစ်နေတော့ Microsoft ကနေ Unix ကို စီးပွားရေးလက်ဝါးကြီးအုပ်မှုနဲ့ 1970 ခုနှစ်လောက်မှာ တရားစွဲတယ်။ အဲဒီပွဲမှာ Unix ရှုံးသွားခဲ့တယ်။ Unix က အမှုရှုံးတော့ Unix Source တွေကို တခြားသူတွေက တော်တော်များများ အလကား ယူသုံး ကြတယ်။ အခု ဒီမှာ Windows XP တို့၊ Windows Vista တို့ကို သုံးသလိုမျိုးပေါ့။ လူနည်းစုကပဲ တရားဝင်လိုင်စင် ၀ယ်သုံးကြတယ်။ ကျောင်းတွေ ရုံးတွေ အလုပ်ရုံတွေမှာ လိုင်စင်ဆောင်ပြီး သုံးမယ်ဆိုရင် တော်တော်ကုန်ကျမှာလေ။
နောက် ၁၀ နှစ်လောက်ကြာတော့ 1980 ခုနှစ် လောက်မှာ Unix က အဲဒီအမှုကိုပြန်ပြီး အယူခံဝင်တယ်။ တရားရုံးကလဲ အယူခံကို လက်ခံလိုက်တယ်။ အရင်က အလကားရလို့ ယူသုံးထားတဲ့ သူတွေ ဒုက္ခတွေ့ပြီ ။ လိုင်စင်ကြေးပေးမလား မသုံးပဲနေမလား။ ခိုးသုံး လို့ကတော့ ဖမ်းမိရင် လျော်ကြေးက နည်းမှာမဟုတ်ဘူးလေ။ အဲဒီတော့မှ ပေးရတော့တာပဲ။ စက်ရုံတွေ ရုံးတွေ ကတော့ ပေးနိုင်တာပေါ့ Amount မှ သိပ်မများတာကိုး။ မပေးနိုင်တာတွေက University တွေ ကျောင်းတွေ ဆေးရုံ လိုဟာတွေ။ အလုံးရေက မနည်းသလို တကယ်လဲ အများ ကြီး ပေးရလောက်အောင် အသုံးဝင်နေတာ မဟုတ်ဘူး။ ဒါပေမဲ့ မထားလို့လဲ မဖြစ်နိုင်ဘူးလေ။ ဒီတော့ Unix က နေပြီး Kernel သာသာလေး Computer ခေါ်လို့ ရတယ် ဆိုရုံလေး ပေးထားလိုက်တယ်။

Kernel လေးတစ်ခုတည်းဆိုရင် ဘာဆိုဘာမှ သုံးစားမရတဲ့ အခြေအနေပေါ့ဗျာ။ အဲဒါကို မကျေနပ်တော့ Andrew S. Tanenbaum ကနေ ကျောင်းတွေ Education အတွက် Minix (Mini Unix) ဆိုတာကို 1987 မှာစတင်ပြီးပြင်ရေး တယ်။ Minix 1 က Unix 7 ကို လိုက်နာတယ်။
Sun တို့ IBM တို့ TOSHIBA တို့ကလဲ Unix ယူသုံးထားတာပဲ။ သူတို့ကမှ သုံးတာဆိုတာထက် ရောင်းစားတာဆို ပိုမှန်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ Hardware တွေမှာ Unix OS ထည့်ပြီးမှ ရောင်းစားနေတာလေ။ အဲဒီတော့မှလဲ စက်ကရောင်းရမှာကိုး။ စက်အခွံကြီးပဲဆို ဘယ်ဝယ်မှာ မဟုတ်ဘူးလေ။ Unix ကအဲဒီ စက်ရုံတွေ ရုံးတွေကို လိုင်စင်ဝယ်ခိုင်းတယ် ။ ဒီတော့ စက်တစ်လုံးချင်းအတွက် ပေးရမယ်ဆိုရင်လည်း Hardware သမားတွေ အတွက် အမြတ် မကျန်တော့ဘူး။ ဒီတော့မှ Hardware Industry တစ်ခုခြင်းအတွက် Close Source အနေနဲ့ Unix-Like တွေကို နှစ်စဉ်ကြေးပုံစံနဲ့ Limited လေးလုပ်ပြီး လိုင်စင်လေးတွေ ချရောင်းပေးပါတယ်။

1984 ခုနှစ်မှာ Richard Stallman ကနေပြီး GNU Project ကို စတင်ခဲ့တယ်။
သူရဲ့ ဦးတည်ချက်က Unix မှာ အသုံးပြုလို့ရတဲ့ ဆော့ဖ်ဝဲလ်တွေကိုရေးသားပြီး အခမဲ့ ပေးနိုင်ဖို့တဲ့။ နောက်တစ်နှစ် 1985 မှာ FSF လို့ အခုခေါ်ကြတဲ့ Free Software Foundation ကို တည်ထောင်တယ်။ GNU General Publish License (GNU GPL) ကိုလည်း တလက်စတည်း ဆက်လက်ရေးသားတယ်။ တစ်ကယ် ရေးတော့ Compiler, text Editor တွေ Unix Shell တွေနဲ့ Windowing System တွေကို 1989, 1990 လောက်မှ ပြီးတယ်။
သူတို့ ဘယ်လောက် copyright ကို စိတ်ကုန်သလဲ ဆိုရင် သူ့ရဲ့ license ကို Copy left တဲ့ဗျာ။ သူများတွေက c ကို အပေါ်က၀ိုင်းထားတယ်ဗျာ။ သူက ဆန့်ကျင်ဘက် c ရဲ့ ပြောင်းပြန် မြန်မာဂဏန်း ၁ လိုမျိုးလေးကို ပြန်ဝိုင်း ပေးထားတယ်။

1984 ခုနှစ်မှာ Richard Stallman ကနေပြီး GNU Project ကို စတင်ခဲ့တယ်။
သူရဲ့ ဦးတည်ချက်က Unix မှာ အသုံးပြုလို့ရတဲ့ ဆော့ဖ်ဝဲလ်တွေကိုရေးသားပြီး အခမဲ့ ပေးနိုင်ဖို့တဲ့။ နောက်တစ်နှစ် 1985 မှာ FSF လို့ အခုခေါ်ကြတဲ့ Free Software Foundation ကို တည်ထောင်တယ်။ GNU General Publish License (GNU GPL) ကိုလည်း တလက်စတည်း ဆက်လက်ရေးသားတယ်။ တစ်ကယ် ရေးတော့ Compiler, text Editor တွေ Unix Shell တွေနဲ့ Windowing System တွေကို 1989, 1990 လောက်မှ ပြီးတယ်။
သူတို့ ဘယ်လောက် copyright ကို စိတ်ကုန်သလဲ ဆိုရင် သူ့ရဲ့ license ကို Copy left တဲ့ဗျာ။ သူများတွေက c ကို အပေါ်က၀ိုင်းထားတယ်ဗျာ။ သူက ဆန့်ကျင်ဘက် c ရဲ့ ပြောင်းပြန် မြန်မာဂဏန်း ၁ လိုမျိုးလေးကို ပြန်ဝိုင်း ပေးထားတယ်။

Andrew S. Tanenbaum ရဲ့ ကျောင်းသား Linus Torvalds ဆိုတဲ့ တစ်ယောက်က News Group တစ်ခု မှာ Unix လို OS မျိုး အခမဲ့ မရေးနိုင်ဘူးလား၊ အစကစပြီး ရေးကြရအောင် ဆိုပြီးြွေကးကြော်ပြီး စတင် ဖိတ်ခေါ်တာ တွေ့ရတယ်။
Linus Torvalds အဲဒီနောက်ကို တကောက်ကောက် လိုက်ရင်း ပထမဆုံး Linux kernel ကို C Language နဲ့ရေးပြီး 1991 ခုနှစ်မှာ Release လုပ်ပေးနိုင်ခဲ့တယ်။

Linux က kernel တစ်ခုတည်း ပါပဲ။ Core Kernel လို့ပဲ ခေါ်ကြပါတယ်။ အဓိက ဖြစ်တာ မှန်ပေမယ့် သူတစ်ခုတည်းနဲ့ ပြီးပြည့်စုံတဲ့ Operation System တစ်ခု ဖြစ်မလာနိုင်ပါဘူး။ Module Base/Component တွေ လိုအပ်ပါသေးတယ်။ နောက်ပိုင်းမှာ တော့ GPL လိုင်စင်မှာပါတဲ့ Software တွေက Unix-Like လေ။ Unix ပေါ်မှာ ကောင်းကောင်းအလုပ်လုပ်တဲ့ Free Software ။ အခုရေးတဲ့ Linux Kernel ကလဲ Unix-Like ဆိုတော့ Unix လိုပဲ အလုပ်လုပ်တယ်။ နှစ်ခုပေါင်းလိုက် တော့မှ တိုးတက်လာတာ အံ့မခန်းပဲ။ Unix က 1960 မတိုင်မီက Assembly နဲ့ရေးပြီး 1960 နောက်ပိုင်းတော့ C နဲ့ ရေးထားတာ။ Linux ကလဲ C နဲ့ပဲ ရေးထားတာ။
ဒါပေမယ့် တစ်ခုတော့ ရှိတယ်နော်။
Linux the NOT Unix!.

GPL license နဲ့ Software တွေများလာ သလို GPL License ကလဲ Version 3 အထိရောက်လာတယ်။ အဲဒီမှာ Linus Torvalds က GPL v3 မှာ ပါတဲ့ အချို့စည်းမျဉ်းစည်းကမ်းတွေ မကြိုက်တဲ့အတွက် GPL v3 ကို လက်မခံနိုင်ဘူးလို့ ဆိုလာပြန်လို့ Richard Stallman က ဆီလီကွန်တောင်ကြားက Linus ရဲ့ အိမ်မှာ သုံးရက်လောက် အခြေအတင် တော်တော်ကြီး ဆွေးနွေးခဲ့ရပါသေးတယ်။ နောက်မှ Linus Torvalds က လက်ခံသွားတာ။
1998 ခုနှစ်မှာ OSS (Open Source Software) တွေ OSD (Open Source Definition) တွေ အတွက်ဆိုပြီး OSI (Open Source Intiactive) ဆိုတဲ့ corporation တစ်ခု ပေါ်ပေါက်လာပါတယ်။
Eric S. Raymond ကစပြီး 1997 မှာ စတည်ထောင်တာပါ။ သူကတော့ Source တွေပါ မျှ ဝေပေးဖို့ ရည်ရွယ်ပါတယ်။ Open Source ဆိုတဲ့အမည်ကို စတင်သုံးစွဲခဲ့တာကတော့ Netscape (Mozilla)ပါပဲ။ OSI ရဲ့ Logo ကတော့ မြန်မာလို ဂ ငယ်လေးဗျ။ CopyRight – EULA တွေ တော်တော်မုန်းကြပုံပဲ။

OSS နဲ့ FSF က တူသလိုနဲ့ မူကွဲတယ်။ Richard Stallman က GPL ကို OSS လို့ တွဲသုံးရင် မကြိုက်ဘူး။ FSF က Software တွေ Free ပေးသုံးဖို့ ရည်ရွယ် တယ်။ OSS က Source တွေ မျှဝေပေးဖို့ရည်ရွယ်တယ်။ နောက်ပိုင်း Software တွေ တော်တော်များများက OSI က OSS အတွက် Certificate ပေးပြီး အသိအမှတ်ပြုတယ်။ GPL License ရဲ့ စည်းကမ်းတွေအောက်မှာ အလုပ်လုပ်တယ်။ အခုနောက်ပိုင်း Software တွေက နှစ်ခုလုံးကို လိုက်နာတော့ OSS, GPL နှစ်ခုလုံးတူတူပဲလို့ အမှတ်မှားနေ ကြပြီ။ OSS တွေ ရှာချင်တယ်ဆိုရင်တော့ sourceforge .net လို ဆိုက်တွေ ရှိပါတယ်။ ခင်ဗျားတို့ ကိုယ်ပိုင် Source တွေ Free တင်ထားနိုင်သလို support services ရောင်းခိုင်းလို့လဲ ရပါတယ်။ ပေးထားတဲ့ သောင်းချီနေတဲ့ Source တွေကို ယူပြီး သုံးစွဲလေ့လာနိုင်ပါတယ်။

ကဲဘာလိုသေးလဲဗျာ...

 
Forum » OPERATING SYSTEM » Linux / Unix » linux နဲ Ubuntu သမိင်းအစ
  • Page 1 of 1
  • 1
Search:

Powered by uCoz