Tuesday, 2024-05-14, 9:57 PM
ဟက်ကာဖိုရမ်
Main Registration Login
Welcome, Guest · RSS
[ New messages · Members · Forum rules · Search · RSS ]
  • Page 1 of 1
  • 1
Forum » NETWORKING » Networking Basic » networking အေူခခံ
networking အေူခခံ
ဟတ်ကာDate: Wednesday, 2009-11-18, 9:43 PM | Message # 1
Major
Group: Administrators
Messages: 91
Reputation: 0
Status: Offline
Networking ဆိုတာဘာလဲ??

Networking ဆိုတာ အရှင်းဆုံးပြောရရင် ကွန်ပျုတာကွန်ယက်ပေါ့ ဗျာ...ဒီနေ့ ခေတ်မှာ စီးပွားရေးလုပ်ငန်းတွေ ၊ပညာသင်ကြားရေး ကျောင်းနဲ့ အိမ်တွေ ၊ဖျော်ဖြေရေး လုပ်ငန်းတွေမှာ ကွန်ပျုတာတွေ သုံးနေတာအားလုံးအသိဘဲဖြစ်ပါတယ်...အဲဒီလိုသုံးတဲ့ နေရာမှာ ကွန်ပျုတာတစ်လုံးနဲ့ တစ်လုံး ချိတ်ဆက်ထားချင်းမရှိဘဲ တစ်လုံးစီသီးခြားရပ်တည် အသုံးပြုတဲ့  ကွန်ပျုတာကို Stand Alone Computer လို့ ခေါ်ပါတယ်..လိုအပ်ချက်အရ အသုံးပြုသူတွေဟာကွန်ပျုတာတွေကို အချင်းချင်းချိတ်ဆက်ပြီးအသုံးပြုလာတဲ့ အခါမှာတော့  ကွန်ပျုတာကွန်ယက်ဆိုတာဖြစ်ပေါ်လာပါတယ်။ကွန်ပျုတာကွန်ယက်ဆိုတာကွန်ပျုတာတွေကိုကြားခံပစ္စည်းတစ်ခုခုနဲ့ ချိတ်ဆက်ပြီးအသုံးပြုချင်းဖြစ်ပါတယ်.....ကွန်ပျုတာများကိုတစ်လုံးနှင့် တစ်လုံးအပြန်အလှန် ဆက်သွယ်လို့ ရအောင်ကြားခံပစ္စည်းတစ်မျိုးမျိုးကို အသုံးပြုပြီးပင့် ကူအိမ်သဖွယ်ချိတ်ဆက်ထားခြင်းကိုကွန်ပျုတာကွန်ယက်(Network)လို့ ခေါ်ပါတယ်......

Network Infrastructure ဆိုတာ..

Network တစ်ခုဖြစ်ပေါ်လာဖို့ အတွက်ချိတ်ဆက်မှုတွေ ၊Connectivity ဒါမှမဟုတ် Network တစ်ခုရဲ့  လုံခြုံမှု Security တွေ၊ လမ်းကြောင်းချိတ်ဆက်မှု Routing တွေ ၊ထိန်းချုပ်အုပ်ချုပ်မှု Management တွေ ၊ရယူသုံးစွဲမှု Access တွေ တခြားဒီ Network တွေမှာပါဝင်ပါတ်သက်နေတဲ့ အစိတ်အပိုင်းတွေ ဟာ Network တစ်ခုရဲ့  Infrastructure ပဲဖြစ်ပါတယ်

Types of Network ကွန်ယက်အမျိုးအစားများ

ကွန်ယက်အမျိုးအစား(၃)မျိုးကို အကြမ်းဖျင်းအားဖြင့် တွေ့ ရပါတယ်..အဲဒါတွေကတော့ -

၁။ Local Area Network (LAN)
၂။ Metropolitan Area Network (MAN)
၃။ Wide Area Network (WAN)

Local Area Network (LAN)

ရုံးတွေ ၊ ကျောင်းတွေ ၊မှာတပ်ဆင်ပါတယ်..ကွန်ယက်ငယ်လေးပါ..ဘာလို့ သူကိုကွန်ယက်ငယ်လေးလို့ ပြောရသလဲဆိုတော့ အဆောက်အအုံတစ်ခုရဲ့ ပြင်ပကိုကျော်ပြီး ကျယ်ပြန့် တဲ့ ကွန်ယက်တစ်ခုမဖြစ်နိုင်လို့ ပါဘဲ...LAN ဟာအများဆုံး ၁၀၂၄ ပါဝင်ပြီး အဝေးဆုံးမီတာ ၉၀၀ အထိချိတ်ဆက်နိုင်ပါတယ်။ဒါဟာလဲ ချိတ်ဆက်ပေးတဲ့  ကြိုးပေါ်မူတည်ပါသေးတယ် ။ တခြားကြိုးတစ်ခုနဲ့ တပ်ဆင်ကြည့် မယ်ဆိုရင်လဲ ဒီထက်လဲလျော့ သွားနိုင်ပါတယ်။LAN ဆိုတာ အဆောက်အအုံ တစ်ခု ဒါမှမဟုတ် ၀င်းတစ်ခုရဲ့ ပရ၀ုဏ်အတွင်းမှာပဲ ဧရိယာငယ် တစ်ခုတည်းမှာပဲတပ်ဆင်တဲ့ ကွန်ယက်ပါ။

Metropolitan Area Network (MAN)

Local Area Network နဲ့  Wide Area Network ကြားက MAN ပေါ့ ..သူ့ ရဲ့ သဘောက LAN တွေအများကြီးကို ၁၀၀ ကီလို မီတာ အကျယ်အ၀န်း လောက်မှာ ထပ်ဆင့် ချိတ်ဆက်ထားတာဖြစ်ပါတယ်။သူဟာ LAN လို Private မဟုတ်ဘဲ Public ပိုဆန်တယ်။ နောက်ပြီး LAN ထပ်ပိုတဲ့  High Speed နဲ့  အချက်အလက်တွေအပြင် အသံတွေကိုပါ ပို့ လွတ်နိုင်ပါတယ် ။ဒါကလဲ သူက LAN နဲ့ မတူတဲ့  Transmission Media နဲ့  Network Hardware တွေကိုသုံးထားလို့ ပါ။

Wide Area Network (WAN)

WAN ဆိုတာက တိုင်းနှင့် ပြည်နယ်တွေအပြင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကိုဖြတ်ကျော်ပြီး တစ်ကမ္ဘာလုံး အနေနဲ့ ချိတ်ဆက်လိုက်တာဖြစ်ပါတယ်။ တော်တော်များများသိကြတဲ့  Internet က WAN အမျိုးအစားပေါ့  ။Internet ဆိုတာ ကွန်ယက်တွေကို ထပ်ဆင့် စုဆောင်းပြီးတကမ္ဘာလုံးအတိုင်းအတာနဲ့ ချိတ်ဆက်ထားခြင်းဖြစ်ပါတယ်။ နည်းပညာ အရသူ့ ကို Internetwork လို့ ခေါ်ပါတယ်။ တနည်းဆိုရင်Internet ဆိုတာ Internetwork ရဲ့ အတိုကောက်ဖြစ်ပါတယ်။ ကွန်ပျုတာတွေ သန်းပေါင်းများစွာပါဝင်တဲ့ ဒီInternet ဟာ ၁၉၇၀ လောက်ကစပြီး ပေါ်ပြူလာ ဖြစ်လာပါတယ် ။ဒါဟာလဲ GUI လို့ ခေါ်တဲ့  Graphic User Interface ကြောင့် ကွန်ပျုတာကို သုံးတဲ့  အထွေထွေ လူတန်းစားစိတ်ဝင်စားမှုနှင့် လိုအပ်တဲ့  သီးခြား နေရာတစ်ခုထဲ သုံးရလောက်အောင် မခက်ခဲပဲ အထွေထွေလူတန်းစားအတွက် သင့် တော် မှု တွေကြောင့် ပဲဖြစ်ပါတယ်။

Network Medium ကြားခံဆက်သွယ်ပေးမည့် ပစ္စည်းများ

Network Medium ဆိုတာ ကွန်ယက်ချိတ်ဆက်တဲ့ အခါ ကွန်ပျုတာတစ်လုံးနှင့် တစ်လုံးကို ကြားခံချိတ်ဆက်ပေးတဲ့ ပစ္စည်းကိုပြောတာပါ။ ဒီကြားခံပစ္စည်းဟာ Network Cable ကြိုးတွေဖြစ်ပါတယ်။ ဒါတွေဟာ Metallic Cable (or) Fiber Optic Cable တွေဖြစ်ပါတယ်။Metallic Cable က Coaxial Cable ( TV Antenna ကြိုးနှင့်  ) Twisted Pair Cable (တယ်လီဖုန်းကြိုး) တို့ ပါပဲ။ခုပြင်နောက်ပိုင်းကြိုးတွေကိုမသုံးတော့ ဘဲ Wireless ဆိုတဲ့  ကြိုးမဲ့ ကွန်ယက်တွေလဲသုံးလာကြပါတယ်။နောက်တခုက ကွန်ပျုတာတစ်လုံးနှင့် တစ်လုံးကြား Network ကြိုးနှင်းချိတ်ဆက်တယ်ဆိုပေမဲ့  ဒီကြိုးတွေလာရောက်တပ်ဖို့ က ကွန်ပျူတာမှာ NIC ဆိုတဲ့  Network Interface Card တော့ ရှိရမှာပါ။ဒီတော့  ကွန်ပျူတာတစ်လုံးမှတစ်လုံး သို့  Network Card တွေ Network ကြိုးတွေ Network ခေါင်းစတဲ့  Network Medium တွေကို သုံးပြီး Data တွေကို Carries လုပ်ကြတာဖြစ်ပါတယ်။

ဟုတ်ကဲ့  နောက်ထပ်ဆွေးနွေးပါဦးမယ်...အခုတော့ ဒီလောက်ပါပဲ ကျွန်တော် သူငယ်ချင်းဆီမှာ Networking နဲ့ ဆိုင်တဲ့ စာအုပ်အထူကြီင်္းတွေ့ တယ်ဗျ
အဲဒါငှားပြီးလေ့ လာလိုက်ဦးမယ်ဗျာ ပြီးရင်ဆက်တင်ပေးပါမယ်

Network Protocols ဆက်သွယ်ရေး

ကွန်ပျုတာတစ်လုံးနှင့် တစ်လုံး Network Card တွေစိုက်ရုံ၊ Network ကြိုးတွေတပ်ဆင်ရုံနဲ့  Network ကွန်ရက်ဖြစ်သွားပြီလား??
ကွန်ပျုတာတစ်လုံးနှင့် တစ်လုံး Communicate ဖြစ်သွားပြီလား?ဒီလိုလဲမဟုတ်သေးဘူး အနည်းဆုံးကွန်ပျုတာတစ်လုံးနဲ့ တစ်လုံးချိတ်ဆက်မိဖို ဆိုတာ Rule လေးတစ်ခုလောက်တော့ လိုပါသေးတယ်။ ဆိုလိုတာက တဖက်ကပြောလိုက်တဲ့ ပို့ လိုက်တဲ့ Signal ကို တစ်ဖက်ကဘယ်လိုဘာသာပြန်မလဲပေါ့ ။နောက်ပြီးတဖက်နှင့် တဖက်ဘယ်လိုInitiate လုပ်ကြလဲပေါ့ ။နောက်တခုက Information တွေကိုတဖက်နှင့် တဖက်ဖလှယ်တာတွေရောဘယ်လိုထိန်းချုပ်ကြသလဲ။ ကောင်းပါပြီ။ ဒီလို Network တစ်ခုမှာ ကွန်ပျုတာတစ်လုံးနှင့် တစ်လုံးကြား Communicate ဖြစ်ဖို့ က ဥပဒေသတွေပါဝင်တဲ့ စည်းကမ်းချက်တွေပါဝင်တဲ့ Software တစ်ခုရှိဖို့ လိုအပ်ပါတယ်။ ဒါဟာ Protocols ပဲပေါ့ ။ Protocols ဆိုတာ Communictae ကိုထိန်းချုပ်ပေးတဲ့  Software တစ်ခုပဲဖြစ်ပါတယ်။ဆိုလိုတာကတော့ Protocols ဆိုတာ Communicate ကို Govern လုပ်ပေးတဲ့  Software ပေါ့ ဗျာ။
Protocols တွေကတော့ -

(၁) TCP/IP (Transmission Control Protocol/Internet Protocol)

(၂) NetBEUI (Net BIOS Extended User Interface)

(၃) IPX/SPX(Internetwork Packet Exchange/ Sequence Packet Exchange)

စတာတွေပါပဲ။တခြားလည်းရှိပါသေးတယ်။

Network Software ထိန်းချုပ်မည့် စနစ်

နောက်တခါလာပါပြီ။ ကွန်ပျုတာကို Network Cable , Network Card တွေစိုက်ထားရုံ ။ Protocols တင်ထားရုံနဲ့ မပြီးသေးဘူးခင်ဗျ။တခုတော့ ရှိတာပေါ့ ကိုတပ်ဆင်မယ့် Network က Client/Sever Network မျိုး ဆိုရင်ပေါ့ ။အဲဒီအခါ Network Software ဆိုတာကြီးပါလိုလာပါတယ်။ Network Software ဆိုတာ Netwok Operation System (NOS) ပါဘဲ။ ဒီNOS ဟာ ဘယ်ကွန်ပျူတာ ၊ဘယ်အသုံးပြုသူ User ကတော့ ဖြင့်  Network ရဲ့  ဘယ် Resources ကိုအသုံးပြုမယ် စတာတွေကို ထိန်းချုပ်ပေးရပါတယ်။ အဲဒီ NOS တွေကတော့ ဖြင့် Microsoft Windows NT, Microsoft Windows Server 2000 or 2003, Novell Network စတာတွေပါ။ အဲ့ ဒီအထဲမှာ Windows NT Server , Windows Server 2000 or 2003 , Novell Netware 5.1 တို့ ဟာ Server Version တွေဖြစ်ကြပြီး တဖက်က Client တွေကတော့ Microsoft Windows NT Workstation , Windows 2000 Professional , Windows XP တို့ ဖြစ်နိုင်ကြပါတယ်။

Hub အကြောင်းသိကောင်းစရာ

Hubs တွေကို တနည်းအားဖြင့်  Writing Concentrators လို့ ခေါ်ပါတယ်။ Hubs သုံးမျိုးရှိပါတယ်။ဒါတွေကတော့ 
(၁) Active Hubs
(၂) Passive Hubs နဲ့ 
(၃) Intelligent Hubs တို့ ပဲဖြစ်ပါတယ်။

Active Hubs အကြောင်း

Active Hubs ဆိုတာ ကွန်ရက်ထဲမှာ ကွန်ပျုတာတွေတနည်း အားဖြင့်  Node တွေကိုအချင်းချင်း ချိတ်ဆက်တာဖြစ်ပါတယ်။ Node တွေ နဲ့  သီးခြားစီရှိနေတဲ့  Cable ကြိုးတွေဟာ ဒီင်္ Active Hubs မှာဗဟိုချက်အနေနဲ့ လာရောက်တွေ့ ဆုံတပ်ဆင်ရမှာဖြစ်ပါတယ်။သူဟာ Electronics Signal တွေကို Amplifyလည်းလုပ်နိုင်ပါတယ်။Clear လည်းလုပ်ပါတယ်။Signal တွေက Clean လုပ်ပစ်လိုက်တဲ့ Process ကိုတော့ Signal Regeneration လို့ ခေါ်ပါတယ်..့ Signal Regeneration လုပ်ခြင်းအားဖြင့်  အကျိုးကျေးဇူးနှစ်ခုရစေပါတယ်။အဲဒါကတော့ Signal Regeneration လုပ်ပြီးတဲ့ အခါ Signal တွေဟာ Robust ပေါ့ ။ပြန်အားကောင်းလာတယ်။သန်မာလာတယ်ပေါ့ ။အဲဒီတော့ Error တွေသိပ်မပါတော့ ဘူးပေါ့ ။တနည်းအားဖြင့် Error တွေကိုလဲ Less Sensitive ဖြစ်သွားတာပေါ့ ။နောက်တခုက Note တစ်ခုနဲ့ တစ်ခုကြားသွားနိုင်တဲ့ အကွာအဝေးကိုလဲ တိုးမြှင့် သွားနိုင်ပါတယ်။ ဒါကြောင့် Active Hubs တွေဟာအခုပြောပြနမဲ့  Passive Hubs တွေထက်ပိုပြီးအရေးကြီးပါတယ်

Passive Hubs အကြောင်း

Passive Hubs တွေမှာ သူ့ မှာဘာ Electronic Component မှမပါဘူး။နောက်ပြီး Date Signal တွေနဲ့ ပါတ်သက်လို့  Active Hubs တွေလို ဘာ Process မှလည်းမလုပ်ဘူး။ဒီတော့  Passive ဆိုတာ Workstation တွေမှာ Cable ကြိုးတွေကို လာရောက်ချိတ်ဆက်ခြင်းဖြင့်  Electrical Connection လုပ်ပေးရုံသက်သက်သာသုံးသည်။ Passive Hubs ဟာ Active Hubs လို လျှပ်စစ်ပါဝါပေးရန်မလိုအပ်ပါ။သူသည် Data Signal တွေကို Clean –up မလုပ်တဲ့ အပြင် Amplified လည်းမလုပ်ပါ။ARCnet Network တွေမှာ Passive Hugs ကိုအသုံးပြုလေ့ ရှိပါတယ်။ Token Ring Network တွေဟာလည်းPassive Hubs ကိုအသုံးပြုပါတယ်။

Hybrid Hubs

မတူညီတဲ့  Cables အမျိုးအစားတွေကို အတူတကွချိတ်ဆက်တဲ့ အခါမှာအသုံးပြုပါတယ်။Hybrid Hubs တွေ ရဲ့ ကောင်းတဲ့  ကျေးဇူးတွေကတော့  -မတူညီတဲ့  Topology တွေကို ချိတ်ဆက်ပေးလို့ ရတယ် ။Network ရဲ့  Effeciency ကိုမြင့် တက်စေပါတယ်။

Switch အကြောင်း


Switch Hubs ဆိုတာ Hub တွေရဲ့  နောက်ဆုံးပေါ်နည်းပညာနဲ့ ဖွဲ့ စည်းတည်ဆောက်ထားခြင်းဖြစ်ပါတယ်။Switching ရဲ့ သဘောတရားကတော့ Signals တွေကို အလွန်လျှင်မြန်စွာနဲ့ လမ်းကြောင်းတွေကို လွဲပေးနိုင်တာဖြစ်ပါတယ်။ သူဟာ Data Packet လေးတွေကို Hubမှာရှိတဲ့  Ports တွေအားလုံးကိုလိုအပ်တဲ့ သက်ဆိုင်ရာ Computer ဆက်သွယ်ထားတဲ့  Port တခုထဲကိုပဲရောက်ရှိစေပါတယ်။
Switching Hub တွေဟာ သူနဲ့ ချိတ်ထားတဲ့  Connection တွေရဲ့  Address ကိုဇယားတစ်ခုအဖြစ်ပြုလုပ်ပေးပါတယ်။အဲဒီဇယားကို MAC Address Table လို့ ခေါ်ပါတယ်။MAC ဆိုတာMedium Access Control Layer ပါ။ အဲ့ ဒီဇယားထဲမှာ Hubs နဲ့ ချိတ်ဆက်ထားတဲ့  Connection တွေရဲ့ Address ရှိနေတာကြောင့် Station နှစ်ခု Communicate လုပ်တဲ့ နေရာမှာ သူဟာ မြန်ဆန်စွာလုပ်ဆောင်နိုင်တာဖြစ်ပါတယ်။

Hub Vs Switch

Station ဟာ Data တွေကို Switching Hub ဆီပို့ လွတ်လိုက်ပါတယ်။ Data တွေဟာ Switching Hub ဆီရောက်လာတဲ့ အထိကတော့  ယခင်သာမန် Hub တွေလိုပါပဲ။ဒါပေမဲ့  Switching Hub ဟာ Data တွေကိုရလာတဲ့ အခါ Hub ရဲ့ Port အားလုံးကို Data တွေထပ်ဆင့် ပို့ ခြင်းမပြုလုပ်ဘဲ MAC Address Tableမှာရှိတဲ့  Address တွေကိုသွားရောက်ကြည့် ရှုပြီးသက်ဆိုင်ရာPort တွေဆီကို Data တွေ ပို့ လွတ်လိုက်ပါတယ်။

 
Forum » NETWORKING » Networking Basic » networking အေူခခံ
  • Page 1 of 1
  • 1
Search:

Powered by uCoz