Monday, 2024-05-13, 11:37 PM
ဟက်ကာဖိုရမ်
Main Registration Login
Welcome, Guest · RSS
[ New messages · Members · Forum rules · Search · RSS ]
  • Page 1 of 1
  • 1
Forum » PROGRAMMING LANGUAGE » Java » java အခြေခံလေးပါ
java အခြေခံလေးပါ
ဟတ်ကာDate: Thursday, 2009-10-15, 6:02 PM | Message # 1
Major
Group: Administrators
Messages: 91
Reputation: 0
Status: Offline
Code
[img]http://img527.imageshack.us/img527/4120/e6pxfn.jpg[/img]

Preface
ဒီစာကိုရေးသားရခြင်း၏ ရည်ရွယ်ချက်ကတော့ Java Programming ရဲ့ fundametals များကို သင်ကြားပေးဖို့ဖြစ်ပါတယ် ။ step by step ချဉ်းကပ်နည်း example များစွာကို အသုံးပြုထားပါတယ် ။ programming အတွေ့အကြုံ မရှိသူများလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ် ။ java program တစ်ခုကို compile and run လုပ်သော အခြေခံကနေ စတင်ရှင်းပြထားပါတယ် ။ ထို့နောက် java language ရဲ့ keyword များကို အသေးစိတ်ရှင်းလင်းမှာ ဖြစ်ပါတယ် ။ java ရဲ့ advanced features များ ဖြစ်သော multithreaded programming, generics, applet စသည် တို့လည်း ပါဝင်ပါတယ် ။
ဒီသင်ခန်းစာများကို သင်ဖတ်ရှုပြီးသွားချိန်မှာတော့ သင်ဟာ java programming ရဲ့ essential များကို သေချာစွာ နားလည်သူဖြစ်လာမည် ။

Required Software
ဒီသင်ခန်းစာမှ programs များကို compile and run လုပ်ဖို့ Sun မှ Java Development Kit(JDK) version 5 (J2SE 5) ကို လိုအပ်ပါတယ် ။ သင်ဟာ java ရဲ့ အစောပိုင်းက ထွက်ရှိသော version J2SE 1.4 ကို အသုံးပြုနေတယ်ဆိုရင်လည်း ဒီ program များကို run လို့ရပါတယ် ။ ဒါပေမယ့် J2SE 5 ၏ new features များကို အသုံးပြုထားသော program ကို compile and run ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး ။

Installation and Setup
SDK installer program ကို run ပါ ။ j2sdk 1.4.2_15 ဟာ installer program ဖြစ်ပါတယ် ။ jdk ကို c: directory အောက်မှာ install လုပ်မယ်ဆိုရင် j2sdk 1.4.2_15 အမည်နဲ့ folder တစ်ခုကို create လုပ်ပါလိမ့်မယ် ။ ဥပမာ : C:\j2sdk1.4.2_15\bin

PATH variable ကို Update လုပ်ပေးပါ ။ PATH variable ဟာ program တစ်ခုကို run တဲ့ အခါ ဘယ် directory အောက်မှာ ရှာဖွေ ရမလဲဆိုတာ system ကို ပြောပါတယ် ။ My Computer>Properties>Advance မှ Environment Variables ကို click လုပ်ပါ ။

Enviroment Variables Window ပေါ်လာရင် System Variables Tab အောက်က Path ကို Select လုပ်ပြီး Edit Button ကို click လုပ်ပါ ။ ထို့နောက် variable value ၏ နောက်ဆုံးတွင် installer လုပ်ခဲ့သော လမ်းကြောင်း ဥပမာ : C:\j2sdk1.4.2_15\bin ကို ထည့်ပါ ။

Note : variable value တွင် ရှိနှင့်ပြီးသော text များကို delete မလုပ်ပ်နဲ့ ။ delete လုပ်မိလို့ပျက်သွားခဲ့ရင် cancel နဲ့ထွက်ပါ ။ program ကို run လို့ မရပါ က Restart လုပ်ကြည့်ပါ ။

Don’t Forget: Code on the Web
Source code များကို www.osborne.com တွင် အခမဲ့ ရယူနိုင်ပါတယ် ။

Module1
Java Fundamentals

A First Simple Program
ကဲ..စမယ်…

/*
This is a simple Java program.
Call this file Example.java
*/

class Example {

// A Java program begins with a call to main().

public static void main(String args[]) {

System.out.println("Java drives the Web.");

}

}

အောက်ပါ အတိုင်း လုပ်ဆောင်ပါ :
1. Enter the program.
2. Compile the program.
3. Run the program.

Entering the Program
သင်ကြိုက်နှစ်သက်သော text editor ဥပမာ notepad, wordpad ကို အသုံးပြုနိုင်ပါတယ် ။ word processor ကို အသုံးမပြုပါနဲ့ ။ word processor ဟာ text နှင့် အတူ format information ကို သိမ်းထားတတ်ပါတယ် ။ ဒီ format information များဟာ java compiler ကို ရှုပ်ထွေးနိုင်စေပါတယ် ။

ပထမဆုံး သိထားရမှာက source file ကို ပေးသော နာမည်ဟာ အရေးကြီးတယ် ဆိုတာပဲ ။ ဒီ example မှာ source file ကို ပေးသော နာမည်ဟာ Example.java ဖြစ်သင့်ပါတယ် ။

Java မှာ source file ကို compilation unit လို့ ခေါ်ပါတယ် ။ source file ဟာ text file တစ်ခု ဖြစ်ပြီး တစ်ခု (သို့) တစ်ခုထက် မကသော class တွေပါဝင်ပါတယ် ။ Java compiler ဟာ .java filename extension နဲ့ ဆုံးသော source file ကို လိုအပ်ပါတယ် ။

Compiling the Program
Start > run (သို့) Window key + R ကို နိပ့်ပါ ။
ပေါ်လာသော Run Box တွင် cmd လို့ ရိုက်ပါ ။

Example program ကို စုပေါင်းပြီး Compile လုပ်ဖို့ , Compiler လုပ်ဆောင်ဖို့ အတွက် , javac ကို အောက်ပါ အတိုင်း ရိုက်ပါ :

C:\>javac Example.java

Jacac compiler ဟာ program ရဲ့ bytecode version ပါဝင်တဲ့ Example.class လို့ ခေါ်သော file တစ်ခု ကို ဖန်တီးပါတယ် ။ bytecode ဟာ executable code မဟုတ်ဘူး ဆိုတာ သတိရပါ ။ Java Virtual Machine ကြောင့်သာ Bytecode ဖြစ်လာတာ ။ ဒါကြောင့် javac ရဲ့ output ဟာ ဘာမှ မလုပ်ဆောင်နိုင်သော code ဖြစ်ပါတယ် ။ ဒီ program ကို အမှန်တကယ် run နိုင်ဖို့ Java interpreter, java ကို အသုံးပြုရမှာပါ ။ ဒီလို လုပ်ဖို့အတွက် class နာမည် Example ကို command-line argument အနေဖြင့် အောက်ပါ အတိုင်း ရေး ပါ :

C:\java Example

Program run သော အခါ အောက်ပါ output ကို ဖော်ပြလိမ့်မယ် :

Java drives the web.

Java source code ကို compiled လုပ်ပြီးသွားသော အခါမှာ class တစ်ခုနဲ့သက်ဆိုင်တာများကို .class extension ကို အသုံးပြုကာ class လို့ အမည်ပေးထားသော output file မှာ ထည့်ထားပါတယ် ။ ဘာကြောင့်လည်းဆိုတော့ Java source file ကို .class file နဲ့ အပြိုင် နာမည်တူ ပေးထားတာ ကောင်းတယ် လို့ ပြောကြပါတယ် ။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း Java interpreter ကို execute လုပ်တဲ့ အချိန်မှာ သင်ဟာ interpreter ကို execute လုပ်စေချင်သော class နာမည်ကို အတိအကျ ရိုက်ရမှာဖြစ်တယ် ။ Interpreter ဟာ automatically သင်ရိုက်ထည့်လိုက်သော နာမည် ကို .class extension file တွေထဲမှာ သွားရှာပါလိမ့်မယ် ။ တကယ်လို့ တွေ့တယ်ဆိုရင် class တွင်ပါဝင်သော code ကို execute လုပ် မှာပါ ။

Line by Line
Example.java

/*
This is a Java program.
Call this program Example.java
*/

ဒါဟာ comment ပါ ။ တခြား programming languanges များ ကဲ့သို့ java ဟာ program ရဲ့ source file မှာ သတိပေးဖို့ မှတ်သားဖို့ comment ကို အသုံးပြုပါတယ် ။

class Example {

ဒီ line မှာ class ဆိုတဲ့ keyword ကို declare လုပ်ဖို့ ကြေညာပြီး သုံးထားပါတယ် ။ class ဆိုတာ Java ရဲ့ basic unit of encapsulation ဖြစ်ပါတယ် ။ Example ဆိုတာ class ရဲ့ နာမည်ပါ ။ class ကို အဖွင့် curly brace({) နဲ့ အပိတ် curlybrace(}) တို့နဲ့ စပါတယ် ။ ဒီ brace နှစ်ခု အတွင်းမှာ ရှိသော elements တွေဟာ class ရဲ့ member တွေ ဖြစ်ပါတယ် ။

//A Java program begin with a call to main().

ဒါကို single-line comment လို့ ခေါ်ပါတယ် ။

Public static void main(String args[]) {

ဒီ line မှာ main() method နဲ့ စထားတယ် ။ Java application အားလုံးဟာ main() ကို ခေါ်သုံးပါတယ် ။ public keyword ဟာ access specifier ဖြစ်ပါတယ် ။ access specifier ဆိုတာ program ရဲ့ တခြား အစိတ်အပိုင်းတွေဟာ class ရဲ့ member တွေကို ဘယ်လို access လုပ်မလဲဆိုတာ ဆုံးဖြတ်ပေးပါတယ် ။ static keyword ဟာ class object တစ်ခု မဖန်တီးခင်မှာ main() ကို ခေါ်သုံးနိုင်စေပါတယ် ။ void keyword ဟာ main() ဟာ value တစ်ခုကို return မပြန်ဘူး လို့ compiler ကို ပြောပါတယ် ။ main() မှာ parameter တစ်ခုပဲရှိပါတယ် ။ String args[] , ဆိုတာ args လို့ခေါ်သော parameter တစ်ခုကို ကြေညာပါတယ် ။ String မှာ sequences of characters ကို သိုလှောင် သိမ်းဆည်းထားပါတယ် ။

System.out.println(“Java drives the web”);

ဒီ line ကို main() အတွင်းထဲမှာ ရေးရမှာဖြစ်ပါတယ် ။ output ကတော့ Java drives the web ကို screen မှာ new line ဖြင့် မြင်တွေ့နိုင်ပါတယ် ။ system ဆိုတာ predefined class တစ်ခုပါ ။ out ဆိုတာကတော့ output stream တစ်ခုဖြစ်ပြီး console နဲ့ ဆက်သွယ်ပါတယ် ။ print ဆိုတာ screen တွင် ဖော်ပြပေးသော အလုပ်ကို လုပ်ပါတယ် ။ ln ဆိုတာ new line ပါ ။

Progress Check
1. Where does a Java program begin execution?
2. What does System.out.println( ) do?
3. What is the name of the Java compiler? Of the Java interpreter?

1. main( )
2. Outputs information to the console.
3. The standard Java compiler is javac.exe; the interpreter is java.exe.

Handling Syntax Errors
တကယ်လို့ သင်ဟာ တစ်ခုခု မှားပြီး သင့်ရဲ့ program ထဲကို ရိုက်မိတယ်ဆိုပါက compiler ဟာ အဲဒိ program ကို compile လုပ်ချိန်မှာ syntax errormessageကို ပြပါလိမ့်မယ် ။

Example.java ';' expected
Public static void main(String args[])
^
Example.java:11 'class' or 'interface' expected
}
^
Example.java 'class' or 'interface' expected
^
Example.java missing method body, or declare abstract
Public static void main(String args[])
^

A Second Simple Program
ဒီ program ဟာ var1 နဲ့ var2 လို့ခေါ်တဲ့ variable နှစ်ခုကို ဖန်တီးပါတယ် ။

/*
This demonstrates a variable.
Call this file Example2.java.
*/

class Example2 {

public static void main(String args[]) {

int var1; // this declares a variable
int var2; // this declares another variable

var1 = 1024; // this assigns 1024 to var1

System.out.println(“var1 contains” + var1);

var2 = var1/2;

System.out.print(“var2 contains var1/2: “);
System.out.print(var2);

}
}

ဒီ program ကို run သော အခါမှာ အောက်ပါ output ကို တွေ့ရမှာပါ :

var1 contains 1024
var2 contains var1 / 2: 512

ရှင်းပြရမယ်ဆိုရင် :

int var1; // this declares a variable

integer type ဖြစ်သော var1 လို့ခေါ်တဲ့ variable တစ်ခုကို ကြေငြာ ပါတယ် ။ Java မှာ variable အားလုံးကို မသုံးခင်မှာ ကြေငြာ ပေးရပါတယ် ။ ထို့အပြင်
variable ကိုင်တွယ်သော values အမျိုးအစား ကိုလည်း အတိအကျ ဖော်ပြပေးရပါမယ် ။ ဒါကို type of the variable လို့ခေါ်ပါတယ် ။ ဒါကြောင့် var1 ဟာ
integer values ဖြစ်ပါတယ် ။ Java မှာ integer ရဲ့ keyword ဟာ int ဖြစ်ပါတယ် ။

int var2; // this declares another variable

ဒါဟာ နောက်ထပ် variable တစ်ခု ဖြစ်ပါတယ် ။

var1 = 1024; // this assigns 1024 to var1

Java မှာ single equal sign ( = ) ကို assignment operator လို့ ခေါ်ပါတယ် ။ ညာဘက်တွင်ရှိသော 1024 ကို ဘယ်ဘက်တွင်ရှိသော var1 ထဲကို ထည့်တယ်ပေါ့ ။

System.out.println("var1 contains " + var1);

ဒီ line ဟာ output မှာ var1 contains 1024 ကို ဖော်ပြပေးပါတယ် ။ println() statement တစ်ကြောင်းအတွင်း items တွေကို ဖော်ပြချင်တယ်ဆိုပါက + operator ကို အသုံးပြုရပါတယ် ။

var2 = var1 / 2;

ဒီ line ဟာ var1 တွင်ရှိသော တန်ဖိုးကို 2 ဖြင့် စားပါတယ် ။ ပြီးတော့ result ကို var2 ထဲတွင် သိမ်းထားပါတယ် ။ ဒီ line ကို executes လုပ်ပြီးသွားသော အခါမှာ var2 မှာ 512 ဆိုတဲ့ တန်ဖိုး တစ်ခု ရှိနေမှာပါ ။

System.out.print("var2 contains var1 / 2: ");
System.out.print(var2);

ဒီ နောက်ဆုံး line နှစ်ကြောင်း ပါ ။ print() ဟာ "var2 contains var1 / 2: " ကို ဖော်ပြဖို့ အသုံးပြုပါတယ် ။ ln မပါသောကြောင့် နောက်တစ်လိုင်း new line မဆင်းပါဘူး ။ ဒါဟာ ဘာပြောတာလည်းဆိုတော့ နောက် output တစ်ကြောင်းကို generated လုပ်သောအခါမှာ ဒီတစ်လိုင်းထဲမှာပဲ လာစမှာဖြစ်ပါတယ် ။

ဒီနေရာမှာ တစ်ခုပြောချင်တာက နှစ်ခု or နှစ်ခုထက်ပိုသော variables များကို statement တစ်ကြောင်းထဲမှာ ရေးနိုင်ပါတယ် ။ commas ကို သုံးပြီးတော့ပေါ့။

ဥပမာ :
int var1, var2; // both declared using one statement

Exercises 1

class helloFriend
{
public static void main(String args[]) {

String name = “Reg”;

System.out.print(“Hello ”);
System.out.print(name);

}
}

ကျွန်တော် word မှာရေးထားတာတွေကို pdf ဖိုင် လုပ်ထားပါတယ် ။ မြန်မာလိုရေးထားသော Java eBook လိုချင်သူများအတွက်ပါ ။
ဆက်ရေးပါဦးမည် ။

Code
http://www.mediafire.com/?sharekey=c...eada0a1ae8665a
 
Forum » PROGRAMMING LANGUAGE » Java » java အခြေခံလေးပါ
  • Page 1 of 1
  • 1
Search:

Powered by uCoz